ဘီးလင်း၊ သြဂုတ် ၂
ဘီးလင်း၊ သြဂုတ် ၂
ယနေ့  (3.8.18) ရက်နေ့ စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အရေးမဆိုရွာ အောင်တော်မူလေးမျက်နှာဘုရား ပြုပြင်ရန်အတွက် မြို့ နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူး မိသားစုများမှ ကျပ်တစ်သိန်းစီ စုစုပေါင်း အလှူငွေ( ၂ ) သိန်းကျပ် လှူဒါန်းခဲ့ရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီအဖွဲ့ များ တက်ရောက်ခဲ့ပြီး စုပေါင်း၍ လှူဒါန်းခဲ့ပါသည်။
မိုးကောင်း သြဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်ဒေါ်တင်မေထွန်း (ရှမ်း/ရှေ့ အမျိုးသမီးရေးရာတာဝန်ခံ)နှင့် တာချီလိတ်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယနေ့ (၃.၈.၂၀၁၈) ရက်နေ့တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ ခရိုင်အစည်းဝေးခန်းမတွင် တွေ့ဆုံ
၍ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြကြောင်းသိရှိရပါသည် ။
မအူပင် သြဂုတ် ၂
ရန်ကုန် သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့်ကျင်းပသော တတိယအကြိမ်မြောက် အနာဂတ်နိုင်ငံတော်အရေးဆွေးနွေး ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်က အမှာစကားပြောခဲ့ပြီး ရွှေပြည်သာမြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးတင်အောင်စိုး (နေလှိုင်မင်း) က ဦးဆောင်ဆွေးနွေး၍ မြို့နယ်သတင်းစာဆရာအသင်းအမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များက အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ၁ဝမိနစ်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
ပဲခူး သြဂုတ် ၂
ရန်ကုန် သြဂုတ် ၂
ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ နံနက်တွင် မြို့နယ်ပါတီရုံးရှေ့၌ မြို့ပေါ်ရပ်ကွက် ကျောင်း တိုက်အသီးသီးတွင် သီတင်းသုံးတော်မူသောဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့်သီလရှင်ဆရာလေးများအား ဝါတွင်းအရုဏ် ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွမ်းလောင်းလှူပွဲကို ကွမ်းခြံကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာ ပါတီကော်မတီအဖွဲ့များ၊ ပါတီဝင်များနှင့်စေတနာရှင်ပြည်သူများမှ စုပေါင်း၍ လောင်းလှူခဲ့ကြပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်း ၂၅ ကျောင်းမှ သံဃာတော် ၃၈၈ ပါးနှင့် သီလရှင်ကျောင်း ငါးကျောင်းမှ သီလရှင် ၅၁ ပါးတို့အား လောင်းလှူခဲ့ကြကြောင်း သိရသည်။
ပဲခူး သြဂုတ် ၂
မိတ္ထီလာ သြဂုတ် ၂