ဗန်းမောက် ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ဗန်းမောက်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော် မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်က ကျင်းပခဲ့သည်။
ဗန်းမောက် ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ဗန်းမောက်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော် မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်က ကျင်းပခဲ့သည်။
မန္တလေးခရိုင်၊အမရပူရမြို့နယ်လပတ်ပုံမှန်ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀နာရီမှ၁၂နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ပါဝင်သော ရှမ်းတိုင်းရင်းသားမဲစာရင်းကိစ္စ၊ ပါတီဝင်အင်အားများတိုးချဲ့စည်းရုံးရေးကိစ္စနှင့် လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများအပေါ်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးပြီးဆုံးချိန်တွင်မြို့နယ်ပါတီမှကြာဆံဟင်းခါးဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။
အစည်းအဝေးသို့ အမရပူရမြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ အမရပူရမြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မတီဥက္ကဋ္ဌများနှင့်ပါတီ ဝင်များအပါအဝင်စုစုပေါင်းအင်အား(၁၀၀)ဦးခန့်တက်
ရောက်ခဲ့ကြောင်းသိရသည်။
မန္တလေး ဇူလိုင် ၂၄
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁ နာရီက တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ကျင်းပ သော မန္တလေးမြို့ပေါ်လေး မြို့နယ် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန် ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ သည်။
အဆိုပါအခမ်းအနားအား နိုင်ငံ တော်အလံကိုအလေးပြု၍ နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ် ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးတာဝန်ခံဦးဝဏ္ဏမောင်လွင် က အဖွင့်အမှာစကားပြောကြားခဲ့ ပြီးနောက်
မန္တလေး ဇူလိုင် ၂၄
နေပြည်တော် ဇူလိုင် ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး Political and Economic Affairs Counselor Mr.William Flens အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့်လာမည့် ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ နိုင်ငံတကာရေးရာကော်မတီဌာနမှူး ဦးမြင့်ကိုကို တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးPolitical and Economic Affairs Counselor Mr.William Flens နှင့်အတူ အဖွဲ့ဝင်တစ်ဦး တက်ရောက်ကြောင်း သိရသည်။
နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးကာလအတွင်း ရခိုင် မြောက်ပိုင်း၏ လုံခြုံရေးကို ဦးစားပေး တိုးမြှင့်ပေးဖို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက တောင်းဆို လိုက်သည်။ ပြည်နယ် လွှတ်တော်၏ လစ်လပ်မဲဆန္ဒနယ်တစ်ခုဖြစ်သည့် ရသေ့တောင်မြို့နယ် တည်ရှိရာ ရခိုင်မြောက်ပိုင်းဒေသတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်းက အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သလို အကြမ်းဖက်သမားများ ခိုအောင်း နေထိုင်ခဲ့သည်ဟု ယူဆရသော မြေအောက် ဥမင်လိုက်ခေါင်းများကိုလည်း တွေ့ရှိခဲ့ကြသည်။
ပြည်တွင်းခရီးစဉ်တွေပျံသန်းနေတဲ့ Air Bagan နဲ့ Apex Airline လေကြောင်းလိုင်းနှစ်ခုရဲ့ လေကြောင်းလိုင်း တည်ထောင် ပျံသန်းခွင့်လိုင်စင် ( AOC) ကိုပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ပျံသန်းခွင့် လိုင်စင်တွေ ပြန်လည် ရုပ်သိမ်း ခဲ့တဲ့ အကြောင်း ကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဘီဘီစီ ကို အတည်ပြု ပြောကြား ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှည် Christine Schraner Burgener ဟာ ဇူလိုင်လ၁၄ရက်ကနေ၁၆ရက်နေ့အထိဘင်္ဂလားဒေ့ခ်ျနိုင်ငံကို သွားရောက်ပြီးတော့ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်အရေးကိစ္စ အဖြေရှာရေးဟာ ပြဿနာအကြောင်းအရင်းတွေကို နိုင်ငံရေးအရ အဖြေရှာဖို့လိုအပ်တယ်လို့ သူကပြောဆိုခဲ့ ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။
ယနေ့ (18-7-2018)(0930) အချိန် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြည်ည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ -၂၀၁၈ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တမ်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ (၃၂) ဦးနှင့် အနှစ်နာခံ ကြိုးစားအားထုတ် ကြိုးပမ်းသင်ကြားပေးခဲ့သည့် အထက်တန်းပြ ဆရာ/ဆရာမ (၁၈) ဦး တို့ကို ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်းနှင့် အခမ်းအနားသို့ ကော်မတီဝင်များ စည်းရုံးရေးမှူးများ ကျောင်းသားမိဘနှင့်ဆရာ/မများ စုစုပေါင်းအင်အား (90)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။
ဇူုလိုင် ၊ ၁၈
ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု ကျည်တောင်ခေါမရွာတွင် (၁၈.၇. ၂၀၁၈) ရက်နေ့ နံနက်ပိုင်းက ကျေးရွာ အ.ထ.က (၁၆) စာသင်ကျောင်းက ဦးစီးပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာသို့  မြို့နယ်ပြည်ခိုင်ဖြိုးပါတီ
ဥက္ကဌ ဦးနိုင်ဦး ခေါင်းဆောင်သော ပါတီဝင်အဖွဲ့ များ သီဟသွေးလူငယ်များနှင့်ရပ်ကျေးအဖွဲ့  စုစုပေါင်း အင်အား(၅၀)ဦးဖြင့် ကျွန်းပင် (၁၂၀၀) စိုက်ပျိုးပွဲအား
တက်ရောက်ကူညီစိုက်ပျိုးပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။