
ရန်ကုန်၊ သြဂုတ် ၅

ရန်ကုန်၊ သြဂုတ် ၅

ကန့်ဘလူ၊ သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၂/၂ဝ၁၈) ကို ယမန်နေ့နံနက် ၁ဝ နာရီက ကန့်ဘလူမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးမြင့်တင်၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။
ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စား နမ့်ဖတ်ကာကျေးရွာအုပ်စု ဂွင်တာဝန်ခံ ဦးမင်ဘာနှင့်ကော်မတီဝင်များသည် (၂ -၈-၂၀၁၈) ရက်နေ့ နံနက် (၁၁း၃၀) အချိန်၌ ဟိုပုံစုစည်းကျေးရွာ ၊ ဂွန်နန့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသူ/သား (၁၂၀) ဦး အား ကျောင်းသုံး ဗလာစာအုပ် (၆၀) ဒါဇင်ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
credit >>> naw aung
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနိုင်းအစည်းအဝေးအား ယနေ့(၃.၈.၂၀၁၈)နေ့တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီခရိုင်အစည်းအဝေးခန်းမတွင် ကျင်းပရာ ဗဟိုကော်မတီဝင် ဦးဝိလ်ဆင်မိုးနှင့်ဗဟိုကော်မတီဝင်ဒေါ်တင်မေထွန်း၊ ခရိုင်ဥက္ကဌ ဦးဘိုစံနှင့်ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဌများ၊ အမျိုးသမီးရေးရာအဖွဲ့များ တွေ့ဆုံခဲ့ကြပြီး ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အစည်း
အဝေး တက်ရောက်လာကြသော ကော်မတီဝင်များ လိုအပ်သည်များကိုတင်ပြညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည် ။
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနိုင်ငံရေးစီမံခန့်ခွဲမှု (ဆင်ပွား) သင်တန်းအမှတ်စဉ် (၂) အား မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ကော်မတီဝင်များ၊ ချောက်မြို့နယ်ပါတီဥက္ကဌ ဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူး ဦးသန်းလှိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူသင်တန်းသားများ တက်ရောက်ခဲ့ကြပါသည် ။
ဘီးလင်း၊ သြဂုတ် ၂
ယနေ့  (3.8.18) ရက်နေ့ စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အရေးမဆိုရွာ အောင်တော်မူလေးမျက်နှာဘုရား ပြုပြင်ရန်အတွက် မြို့ နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူး မိသားစုများမှ ကျပ်တစ်သိန်းစီ စုစုပေါင်း အလှူငွေ( ၂ ) သိန်းကျပ် လှူဒါန်းခဲ့ရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီအဖွဲ့ များ တက်ရောက်ခဲ့ပြီး စုပေါင်း၍ လှူဒါန်းခဲ့ပါသည်။
မိုးကောင်း သြဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်ဒေါ်တင်မေထွန်း (ရှမ်း/ရှေ့ အမျိုးသမီးရေးရာတာဝန်ခံ)နှင့် တာချီလိတ်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယနေ့ (၃.၈.၂၀၁၈) ရက်နေ့တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ ခရိုင်အစည်းဝေးခန်းမတွင် တွေ့ဆုံ
၍ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြကြောင်းသိရှိရပါသည် ။