ရန်ကုန် သြဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ရန်ကင်းမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှဦးစီး၍ (၈)ကြိမ် မြောက်ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင် ကျင်းပသည်။
ရန်ကုန် သြဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ရန်ကင်းမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှဦးစီး၍ (၈)ကြိမ် မြောက်ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင် ကျင်းပသည်။
မိုးကောင်း သြဂုတ် ၆
မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီက ကြီးမှူး၍ သင်တန်း ကာလ ငါးရက်ကြာဖွင့်လှစ်ခဲ့သည့် အမျိုးသမီးအိမ်တွင်းမှုလက်မှု ပညာသင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)ဆင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲ က မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီအမျိုး သမီးရေးရာကော်မတီ တွဲဖက်တာဝန်ခံ ဒေါ်လီလီဆွေတို့က အမှာ စကားများပြောကြားကြသည်။
ပဲခူး သြဂုတ် ၆
ပဲခူးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း က ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူး ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည် ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၆ ရက် နံနက်ပိုင်း က ဝိုင်းမော်မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ဝင်းအောင်(မိုးကောင်း)

ဘီးလင်း၊ သြဂုတ် ၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ရေကြီးမှုများကြောင့် ရေတွင်းများအတွင်း ရေညစ်များ ဝင်ရောက်မှုကြောင့် ရေတွင်းများရှိရေများ စုပ်ထုပ်ရာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များနှင့်အတူ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းတို့ ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း သိရသည်။

ဖားကန့်၊ သြဂုတ် ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးချယ် တင်မြှောက်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ သဘာပတိ ပြည်နယ်ပါတီကော်မတီဝင် ဦးမြအုန်းက အမှာစကားပြောကြားပြီး ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်းက ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

နတ်မောက်၊ သြဂုတ် ၅
မြတ်စွာဘုရားရှင်သည် သားသမင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့ရှောင်ကြဉ်ရန်၊ ဝဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး လိုက်နာကျင့်ကြံရန် မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ခေါ် မဂ္ဂင်ရှစ်ပါး သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော ဓမ္မစက္ကပဝတ္တနသုတ္တန် (ဓမ္မစကြာ) တရားကို ဟောကြားတော်မူခဲ့ သည်။

နေပြည်တော်၊ 5.8.2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌနှင့် ဇေယျာသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ပါတီဝင်များ တွေ့ဆုံပွဲအခမ်းအနားအား ယနေ့ ၅.၈.၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပုသိမ်၊ သြဂုတ် ၅
ပြည်ခိုင်ဖြိုးပါတီ ဧရာဝတီတိုင်းဒေသကြီး တိုင်း/ခရိုင်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်ကော်မတီဝင်များ ယမန်နေ့နံနက် ၁ဝ နာရီက ဗိုလ်မြတ်ထွန်းတံတား ပြည်ခိုင်ဖြိုးရိပ်သာတွင် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဇလွန်၊ သြဂုတ် ၅