နေပြည်တော် သြဂုတ် ၈
နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီရုံး အစည်းအဝေးခန်းမတွင် ဝါဆို သင်္ကန်းကပ်လှူပူဇော်ပွဲနှင့်မြို့နယ် နှင့်ရပ်/ကျေးလုပ်ငန်းအစည်းအဝေး ကိုယနေ့နံနက်ပိုင်းကကျင်းပခဲ့သည်။
အဆိုပါဝါဆိုသင်္ကန်းကပ်လှူပွဲ သို့ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးမြင့် လှိုင်၊ ပြည်ထောင်စုနယ်မြေပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးဌေး ဝင်း၊ နေပြည်တော်ခရိုင်ကော်မတီ ဝင်ဦးခင်မောင်ထွန်းနှင့် ကော်မတီ ဝင်များ၊ ဒက္ခိဏသီရိမြို့နယ် ပြည် ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဇော်မျိုးနိုင် နှင့်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ များနှင့်ကော်မတီဝင်များ စုစုပေါင်း အင်အား၅၅ဦးတက်ရောက်ခဲ့ကြ သည်။




