
ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင်ကို လုပ်ပိုင် ခွင့်ကျယ်ပြန့်စွာ ပေးထားမည်ဖြစ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၆ ရက်တွင် ပြောကြားသည်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ ထည့်သွင်းပြောကြားသည်။





