မိုးကောင်း သြဂုတ် ၂
မိုးကောင်း သြဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်ဒေါ်တင်မေထွန်း (ရှမ်း/ရှေ့ အမျိုးသမီးရေးရာတာဝန်ခံ)နှင့် တာချီလိတ်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ယနေ့ (၃.၈.၂၀၁၈) ရက်နေ့တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ ခရိုင်အစည်းဝေးခန်းမတွင် တွေ့ဆုံ
၍ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြကြောင်းသိရှိရပါသည် ။
မအူပင် သြဂုတ် ၂
ရန်ကုန် သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့်ကျင်းပသော တတိယအကြိမ်မြောက် အနာဂတ်နိုင်ငံတော်အရေးဆွေးနွေး ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်က အမှာစကားပြောခဲ့ပြီး ရွှေပြည်သာမြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးတင်အောင်စိုး (နေလှိုင်မင်း) က ဦးဆောင်ဆွေးနွေး၍ မြို့နယ်သတင်းစာဆရာအသင်းအမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များက အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ၁ဝမိနစ်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
ပဲခူး သြဂုတ် ၂
ရန်ကုန် သြဂုတ် ၂
ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ နံနက်တွင် မြို့နယ်ပါတီရုံးရှေ့၌ မြို့ပေါ်ရပ်ကွက် ကျောင်း တိုက်အသီးသီးတွင် သီတင်းသုံးတော်မူသောဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့်သီလရှင်ဆရာလေးများအား ဝါတွင်းအရုဏ် ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွမ်းလောင်းလှူပွဲကို ကွမ်းခြံကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာ ပါတီကော်မတီအဖွဲ့များ၊ ပါတီဝင်များနှင့်စေတနာရှင်ပြည်သူများမှ စုပေါင်း၍ လောင်းလှူခဲ့ကြပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်း ၂၅ ကျောင်းမှ သံဃာတော် ၃၈၈ ပါးနှင့် သီလရှင်ကျောင်း ငါးကျောင်းမှ သီလရှင် ၅၁ ပါးတို့အား လောင်းလှူခဲ့ကြကြောင်း သိရသည်။
ပဲခူး သြဂုတ် ၂
မိတ္ထီလာ သြဂုတ် ၂
၂ – ၈-၂၀၁၈ ရက်နေ့တွင် မိုင်းယာင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအောင်ခမ်းနှင့်အတူ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းခမ်းလူး၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆေး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ လိုက်ပါလျက် မုန်းလိုက်ကျေးရွာအုပ်စု၊ ဝမ်စလီလော်ကျေးရွာ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းသို့ သွားရောက်၍ေ ကျာင်းသား/သူ (၄၃) ဦးအား ဗလာစာအုပ်နှင့်ခဲတံများသွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ထို့နောက် ဟောင်ကြန့်ကျေးရွာအုပ်စု၊ တာပေါက်ကျေးရွာသို့ ဆက်လက်ထွက်ခွါပြီး ကျေးရွာအမျိုးသမီးများနှင့်တွေ့ဆုံကာ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆေးက အမျိုးသမီးရေးရာလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။၎င်းနောက် ကျေးရွာမူလတန်းကျောင်းတွင် ကျောင်းသား/သူ (၂၈) ဦးအတွက် လာစာအုပ်နှင့်ခဲတံများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
၁.၈.၂၀၁၈ ရက်နေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ. ဒေါ်နန်းခင်မြင့်ဌေးနှင့် မြို့နယ်ပါတီကော်မတီဝင် (၁၂) ဦး အဖွဲ့သည် နေ့လည် (၁) နာရီတွင် သစ်ဆိမ့်ကုန်းအုပ်စု အောင်မြေလီဆူးကျေးရွာ (အ.မ.က) ကျောင်းသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာပါတီဥက္ကဌတို့နှင့် တွေ့ဆုံ၍ ကျေးရွာအတွက် လိုအပ်ချက်များ မေးမြန်းဆွေးနွေးခဲ့ကြပြီး ကျောင်းသား/သူ (၆၆)ဦးတို့အား ကျောင်းသုံးဗလာစာအုပ်များ ခဲတံများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မ များနှင့်လည်း တွေ့ဆုံ၍ ကျောင်းအတွက် လိုအပ်ချက်များ မေးမြန်းခဲ့ကြပြီး စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြပါသည်။