ဒုက္ခသည်တွေအတွက် မြန်မာအစိုးရကို ကုလသမဂ္ဂအဖွဲ့တွေ တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရခိုင်ပြည်နယ်က ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးအတွက် မြန်မာအစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ကုလသမဂ္ဂ လက်အောက်ခံ UNHCR ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ UNDP ကုလဖွံ့ဖြိုးရေးအစီအစဉ်တို့က မြန်မာအစိုးရအနေနဲ့ လုပ်ငန်းတွေ ထင်သာ မြင်သာ တိုးတက်မှုရှိအောင် ဆောင်ရွက်ဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ပခုက္ကူမြို့ ချောက်ကန်ရွာက ဒေသခံတွေ စကားဝိုင်းပြုလုပ်မည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ချောက်ကန် ကျေးရွာ က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ပြည်သူ့စကားဝိုင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ မနက်ဖြန် သြဂုတ်လ ၉ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်မယ့် အဲဒီစကားဝိုင်းကို နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ Information Committee ဖေ့ဘွတ်လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေမှာ တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ရခိုင်မှာ ကုလ ဝန်ထမ်းတွေ လွတ်လပ်စွာ သွားလာခွင့်ရဖို့ တောင်းဆို

မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းနှစ်ခုက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဖော်ဆောင်နိုင်ဖို့ ကုလ သမဂ္ဂ ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးပါလို့ ထုတ်ဖော် တောင်းဆိုလိုက်ပါတယ်။ ဒီလိုသွားလာခွင့် ရမှသာ လွန်ခဲ့တဲ့ ၂ လကျော်က လက်မှတ်ရေးထိုး ခဲ့တဲ့ နားလည်မှု စာခွန်လွှာ မှာ ပါဝင်တဲ့ အတိုင်း လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR တို့က သြဂုတ်လ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဘီးလင်းရေဘေးတွင် ပြည်သူများကို ကယ်တင်ရင်း အသက်​​ပေးလှူခဲ့သော တပ်မတော်သား (၃)ဦး၏ ကျန်ရစ်သူမိသားစုဝင်များအား အလှူငွေများပေးအပ်လှူဒါန်း

 

ကျိုက်ထို သြဂုတ်​ -၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရေဘေးတွင်​ ပြည်သူများအား ကယ်တင်ရင်း ​​​​အသက်​ပေးလှူခဲ့​ရသော တပ်မတော်သား (၃) ဦးအတွက် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တစ်​ဦးလျှင်​ အလှူငွေ( ၂ ) သိန်း စုစုပေါင်း ငွေကျပ် ​(၆) သိန်းအား သြဂုတ်​လ ၈ ရက်နေ့ ၊ နံနက်‌ ၉ နာရီချိန်တွင် ခမရ (၂) တပ်ရင်းသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးဌေးလွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦးနှင့် မြို့နယ်ကော်မတီဝင်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​အား​ပေးပြီး ဂုဏ်​ပြုကြိုဆိုနှုတ်​ခွန်းဆက်​စကား ​ပြောကြား

 

ရေနံ​ချောင်း၊ သြဂုတ်​၊ ၉

ရွှေလှေကျေးရွာအုပ်​စုနှင့်​ ကျောင်းရွာကျေးရွာကို ဆက်သွယ်​ထား​သောလမ်း ပြန်လည်ပြုပြင်နိုင်ရန်အတွက် ဘီးလင်းပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ ထည့်ဝင်လှူဒါန်း

 

ဘီးလင်း၊သြဂုတ်​ ၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ်​တွင်​ ဇူလိုင်​လအတွင်း မိုးသည်းထန်​စွာ ရွာသွန်းမှု​များကြောင့် ရွှေ​လှေ​ကျေးရွာအုပ်​စုနှင့်​ကျောင်းရွာ​ကျေးရွာအုပ်​စုတို့ကို ဆက်​သွယ်​ထား​သောလမ်း သွားလာမှုများအတွက် အခက်အခဲများဖြစ်​​နေသဖြင့်​ လမ်းအားပြန်​လည်​ပြုပြင်​နိုင်ရန်​အတွက်​ မွန်​ပြည်​နယ် ​ပြည်​နယ်​​ကော်​မတီဝင်​ ဒေါက်တာခင်​​မောင်​သွင်​မှ လိုအပ်​သည်​​နေရာများ အသုံးပြုနိုင်​ရန်​အတွက်​ အလှူငွေ (၅၀၀၀၀) ကျပ်​အား ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဘီးလင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေမှ ရွှေ​လှေ​ကျေးရွာအုပ်​ချူပ်​​ရေးမှူးဖလား​ ဘော်​လုံးပြိုင်​ပွဲကျင်းပရာတွင်​ လိုအပ်​သည်​​များ အသုံးပြုနိုင်​ရေးအတွက်​​ အလှူငွေ (၄၀၀၀၀) ကျပ်​အား လှူဒါန်းခဲ့​ကြောင်​သိရသည်​။
ယင်းနောက် ယ​နေ့ (၅)​ ရက်​​မြောက်​​နေ့ ဘီးလင်းမြို့နယ်​အတွင်း၌ ရေကြီးမှုများကြောင့် ရေတွင်းများတွင် ရေညစ်​များအား စုပ်​ထုပ်​​နေမှုအ​ခြေ​နေများအား သွား​ရောက်​ကြည့်​ရှု၍​ ရွှေပြည်​​တော်​သို့ဆုံမှတ်​ပရဟိတအသင်းသားများနှင့် ​တွေ့ဆုံကာ လိုအပ်​သည်​များအား မှာကြားခဲ့​ကြောင်​သိရှိရသည်။

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ကျွန်းမကြီးကျေးရွာ အလယ်တန်းအဆင့် တိုးမြှင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 

ဆိပ်ဖြူမြို့နယ် ကျွန်းမကြီးကျေးရွာ အလယ်တန်းအဆင့် တိုးမြှင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်းတွင် ကျင်းပရာ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာမှအကြီးအကဲများ၊ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်၊ အတွင်းရေးမှူး ဦးလေးမောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျောင်းသားကျေားသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ပေးပို့လှူဒါန်းသော စားသောက်ဖွယ်ရာများအား ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ ပေးပို့လှူဒါန်းသော စားသောက်ဖွယ်များအား သြဂုတ် (၈) ရက်နေ့က ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေကြီးနစ်မြုပ်လျှက်ရှိသည့် လမုခိုကျေးရွာ၊ အောင်ဗလကုန်းကျေးရွာ မရင်းကုန်းကျေးရွာ ရေပူကော့စပ်ကျေးရွာများသို့ သွားရောက်ကာ တစ်အိမ်ထောင်လျှင်- (ဆန်(၂) ပြီ/ဆီတစ်ပုလင်း/ မာမားခေါက်ဆွဲ (၅) ထုပ်/ငါးသေတ္တာ (၂) ဗူး) နှုန်းဖြင့် အိမ်ထောင်စု (၃၃၈) စုအား သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြသိရသည်။
အဆိုပါပေးလှူရာသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးစောအောင်ကျော်သိန်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်ကော်မတီဝင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကျေးဥက္ကဋ္ဌတို့မှ ပါတီဌာနချုပ်ကိုယ်စား သွားရောက် ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။