ရန်ကုန် သြဂုတ် ၁၂
ရန်ကုန် သြဂုတ် ၁၂
မအူပင် သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယမန် နေ့ ညနေ ၄ နာရီက မအူပင်မြို့ အမှတ်(၇)ရပ်ကွက်ခိုင်နေဝင်းလမ်းသို့ သွားရောက် လျက် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးတင် အောင်ရွှေနှင့်ဇနီးဒေါ်သန်းသန်းဆင့်တို့၏မိခင်ကြီးဖြစ်သူ ဒေါ်စန်းနွဲ့ကွယ်လွန်ခြင်း အတွက် ပံ့ပိုးကူညီငွေကျပ် ၅ဝဝဝဝ အား ပေးအပ်ကူညီခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စုပေါင်းဆက်ကပ်လှူဒါန်းသည့် ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနား ကို ဥတ္တရသီရိမြို့နယ်ရှိ ရွှေနံ့သာ ရပ်ကွက် အမှတ်(၄)ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ယနေ့နံနက် ၉နာရီကပြုလုပ်ခဲ့ရာပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ပြည်ထောင် စုနယ်မြေပါတီဥက္ကဋ္ဌဦးဝေလွင် တက်ရောက်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
မြင်းခြံ သြဂုတ် ၁၂
မြင်းခြံမြို့နယ် ထနောင်းတိုင်အုပ်စု ထနောင်းတိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့ကျင်းပခဲ့သည်။ ထို့နောက် ယင်း ကျေးရွာအုပ်စုရှိ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင် ခရိုင် နယ်မြေတာဝန်ခံဦးမြတ်သူနှင့် မြင်းခြံခရိုင်ပါတီ ဥက္ကဋ္ဌဦးကျော်တင်တို့က ပါတီ၏ရှေ့ဆက်လက်လုပ်ဆောင် မည့်လုပ်ငန်းစဉ်များရှင်းလင်းပြောကြားခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းတာဝန်ခံပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတို့မှရန်ကုန်တိုင်းပါတီကော်မတီအတွင်းရေးမှုးနှင့်ကော်မတီဝင်များခရိုင်နှင့်မြို့နယ်ဥက္ကဌအတွင်းရေးမှုးများပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို
သြဂုတ်လ(၁၀)ရက်နေ့လည်
(၂:၃၀)နာရီကရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်ကျင်းပကြောင်းသိရှိရသည်။
အစီအစဉ်အရရန်ကုန်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးမှအမှာစကားပြောကြားရာတွင်ယနေ့တက်ရောက်လာသည့်ပါတီဥက္ကဌနှင့်အတွင်းရေးမှုးများကော်မတီဝင်များသည်ပါတီ၏အဓိကကျသည့်ခေါင်းဆောင်များဖြစ်ကြောင်းသင်တန်းမျိုးစုံတက်ရောက်ခဲ့ကြပြီးအရည်အသွေးပြည့်စုံသူများဖြစ်ကြောင်းပါတီတွင်သက်တမ်းကြာမြင့်စွာတာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်၍ပါတီလုပ်ငန်းများကိုကျွမ်းကျင်ပိုင်နိုင်သူများဖြစ်သော်လည်းပြောင်းလဲနေသည့်ခေတ်စနစ်နှင့်အညီပုံသဏ္ဍာန်ပြောင်းလဲကြဖို့လိုကြောင်းလုပ်ငန်းစဉ်များလည်းမတူတော့ကြောင်းပုံသဏ္ဍာန်ပြောင်းကြဖို့တိုက်တွန်းလိုကြောင်းပြောကြားသည်။
ဆက်လက်၍ရန်ကုန်တိုင်းပါတီတာဝန်ခံပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီမှအမှာစကားပြောကြားရာတွင်နိုင်ငံရေးသမားဆိုသည်မှာနိုင်ငံ့အရေးကိစ္စများကိုကိုယ့်စားရိတ်ကိုယ်စားပြီးဝါသနာအရလုပ်ကိုင်နေသူများဖြစ်ကြောင်းနိုင်ငံ့အရေးကိစ္စများကိုကိုယ့်စရိတ်ကိုယ်စားပြီးဝါသနာအရလုပ်ကိုင်နေသူများစုပေါင်းထားသည့်အဖွဲ့အစည်းကိုနိုင်ငံရေးပါတီဟုခေါ်ကြောင်းပါတီနိုင်ငံရေးနှင့်အမျိုးသားနိုင်ငံရေးလုပ်ကိုင်နေသူများသည်မျိုးချစ်စိတ်ဓာတ်အခြေခံရှိဖို့လိုအပ်ကြောင်းပါတီခေါင်းဆောင်ကောင်းတယောက်ဖြစ်ရန်အတွက်စည်းကမ်းကောင်းမွန်ဖို့လိုအပ်ကြောင်းထို့ကြောင့်ပါတီဝင်များသည်ပါတီစည်းကမ်းကိုလိုက်နာကြဖို့လိုအပ်ကြောင်းပါတီစည်းကမ်းကိုလိုက်နာသည့်ပါတီဝင်များကိုပြည်သူများကလေးစားအတုယူကြမှာဖြစ်ကြောင်းပြောကြားပြီးပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏လုပ်ထုံးလုပ်နည်းများလုင်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ဖွဲ့စည်းပုံနှင့်တာဝန်ဝတ္တရားများကိုရှင်းလင်းဆွေးနွေးပြီး
အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ထိန်ဝင်း(YGN)
ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ကြိုဆိုသောအားဖြင့် ကဏ္ဍများအလိုက်လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိရာ (10.8.2018)ရက်နေ့ နံနက်(၇:၀၀) အချိန်တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်မှ ဦးဆောင်၍ တောင်သူလယ်သမား ရေးရာ ၊ လူငယ်ရေးရာ ၊ အမျိုးသမီးရေးရာ တာဝန်ခံများ နှင့် ကော်မတီဝင် ၊ အရန်ကော်မတီဝင်များ စုပေါင်း၍ ကျုံပျော်မြို့နယ် မြို့အဝင် ရှိ တောင်သူလယ်သမား ဦးလှဝင်း၏ လယ်ယာစိုက်ခင်းတွင် သမန်းပြန်လည်နှိုးစွ ပေးခြင်း၊ ပေါင်းပင်မြက်ပင်များ ရှင်းလင်းပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန် သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အရှေ့ပိုင်းခရိုင် အတွင်းရေးမှူး ဒေါ်ဇာခြည်လင်းသည် ယနေ့နံနက် ၁၀ နာရီ အချိန်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမှတ်(၄၃) ရပ်ကွက်ရှိ ပါတီဝင်များထံသို့ ကွင်းဆင်းတွေ့ဆုံခဲ့ပါသည်။
ယနေ့နိုင်ငံရေးအခင်းအကျင်းနှင့်ပက်သက်၍ ပါတီဝင်များနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အသက်(၈၂) ရှိ အငြိမ်းစားပညာရေးမှူးကြီး ဦးအေးမောင်အား ဝင်ရောက်ဂါရဝပြုခဲ့ပါသည်။ ဆရာကြီးဦးအေးမောင်သည် ဗိုလ်ချုပ် အောင်ဆန်း၏အကိုကြီး ဦးနေအောင်နှင့်ကျောင်းနေဖက်သူငယ်ချင်းဖြစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းလက်ထက် နိုင်ငံရေး အခြေအနေနှင့် ယနေ့ခေတ်နိုင်ငံရေးအခြေအနေများအား သုံးသပ်ပြောကြားခဲ့ပြီး လူငယ်များ နိုင်ငံ့အရေးကို စိတ်ဝင်စားကြစေချင်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သြဂုတ်-၁၀| တမူး
ဒီကနေ့ (၁၀-၈-၂၀၁၈)ရက်နေ့ မနက်ပိုင်းအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် တမူးမြို့နယ်ပါတီရုံး၌ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ| အရံကော်မတီဝင်များ|ရပ်ကျေးပါတီဥက္ကဌများ| ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုအလေးပြု၍ ဖွင့်လှစ်ခဲ့ကာ တိုင်းတာဝန်ခံမှ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက အမှာစကားပြောကြားပြီး |တမူးခရိုင် ပါတီဥက္ကဌ ဦးခင်မောင်ရွှေမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တွင် တတ်ရောက်လာသောပ်ါတီဝင်များမှ တင်ပြဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအခမ်းအနားကို ပါတီဝင် စုစုပေါင်း (၁၀၀)ဦး တတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(၁၀-၈-၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီ အချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကော်မတီ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။
အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရေးမှူး၊ ဘဏ္ဍာရးမှူး၊ ပြည်နယ်ကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင် (၆) ခရိုင်မှ ဥက္ကဌများ၊ လားရှိုးခရိုင်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး၊ လားရှိုးမြို့နယ်ဥက္ကဌ၊ လူငယ်တာဝန်ခံ၊ အမျိုးသမီးရေးရာတာဝန်ခံ၊ မီဒီယာတာဝန်ခံ၊ စုစုပေါင်း (၂၃) ဦး တက်ရောက်ကြပါသည်။၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပျဉ်းမနားမြို့နယ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပွဲကို ၉.၈.၂၀၁၈ နံနက် ၉း၀၀ နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဌ ဦးဝေလွင်နှင့် ဇနီးဒေါ်ဆွေဆွေဦး၊ ပြည်ထောင်စုနယ်မြေနှင့် နေပြည်တော် ခရိုင်ပါတီတို့မှ ကော်မတီဝင်များ၊ ပျဉ်းမနားမြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီများမှ ပါတီတာဝန်ရှိသူများ စုစုပေါင်း အင်အား(၁၀၀) ကျော်နှင့် ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ ဧည့်သည်တော်များ တက်ရောက်ကြပါသည်။