မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မြိတ် သြဂုတ် ၁၃

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမိုး မြင့်၊အတွင်းရေးမှူးဦးကိုကိုကြီးနှင့် နယ်မြေတာဝန်ခံကော်မတီဝင်များ လိုက်ပါသောအဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးရွာ အဏ္ဏဝါရပ်ကွက် စည်းရုံးရေးမှူး နှင့်ပါတီဝင်များအား ကွင်းဆင်း တွေ့ဆုံကာ ပါတီဝင်များစုစည်းဖွဲ့ စည်းခြင်းဆောင်ရွက်ပေးခဲ့သည်။

တနိုင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအိမ်တွင်းမှု လက်မှုပညာဆင့်ပွားသင်တန်းသူများ လက်တွေ့လေ့ကျင့်ဆောင်ရွက်

 

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ဖွင့်လှစ်သည့် အမျိုးသမီးအိမ် တွင်းမှုလက်မှုပညာ ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)မှ သင်တန်းသူ အချို့၏လက်တွေ့လေ့ကျင့် ဆောင်ရွက် မှုကို သြဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်။

ဝင်းအောင်(မိုးကောင်း)


လသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်း

 

ရန်ကုန် သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ ကျင်းပကြောင်း သိရသည်။

အဆိုပါလူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲသို့ ပါတီဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ရန်ကုန်တိုင်းလူငယ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်လင်းပြုံး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်နှင့် မြို့နယ်ကော်မတီဝင်များ လူငယ်ရေးရာကော်မတီဝင်များ တက်ရောက် ကြသည်။
အစီအစဉ်အရ ပါတီဗဟိုကော်မတီဝင်ဒေါ်သင်းသင်းမိုးက အမှာစကားပြောကြားပြီး မြို့နယ် လူငယ်ရေးရာတာဝန်ခံ ကိုပြည့်ဖြိုးမောင်က လူငယ်ညီလာခံအတွေ့အကြုံများကို ဖတ်ကြား ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ခရိုင်မြို့နယ်ပါတီလုပ်ငန်းအစည်းအဝေးတက်ရောက်

 

ဘားအံ သြဂုတ် ၁၃

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယခုလ ၁၁ ရက် နံနက် ၉ နာရီတွင် ကရင် ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော ပြည်နယ်/ ခရိုင်/မြို့နယ်ပါတီကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ခဲ့သည်။

ကျန်းမာရေးကိစ္စများအားပူးပေါင်းလုပ်ဆောင်ရာတွင်အသုံးပြုနိုင်ရန် သံတွဲခရိုင်ပြည်ခိုင်ဖြိုးပါတီက သံတွဲခရိုင်ကြက်ခြေနီတပ်ဖွဲ့သို့ ခြင်ဆေးဖျန်းစက်ပေးအပ်လှူဒါန်း

 

စစ်တွေ သြဂုတ် ၁၃

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတွင်းလူမှုရေး၊ ကျန်းမာရေးကိစ္စ ရပ်များအား ကူညီဆောင်ရွက်ပေး ရာတွင် ထိရောက်သောအထောက် အပံ့ဖြစ်စေရန်အတွက် သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှသံတွဲခရိုင်ကြက်ခြေနီတပ်ဖွဲ့ သို့ ခြင်ဆေးဖျန်းစက်အား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါခြင်ဆေးဖျန်းစက်အား ယနေ့ နံနံက်ပိုင်းက သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမ အတွင်း သံတွဲခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်နှင့်အဖွဲ့က ကြက်ခြေနီအသင်းတာဝန်ရှိသူများ ထံပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တိုင်းရင်းသားသုံးဖွဲ့ ဆွေးနွေးပွဲ ရွှေ့ဆိုင်း

မြန်မာတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA၊ ရက္ခိုင့်တပ်မတော် AA နဲ့ ကိုးကန့် တပ်ဖွဲ့ဖြစ်တဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA တို့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ကော်မရှင်ဘက်က ရွှေ့ဆိုင်း ခဲ့ပါတယ်။

မောင်တောမှာ ညမထွက်ရအမိန့် သက်တမ်းတိုးပြီး လုံခြုံရေးမြှင့်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ တရားဥပဒေ စိုးမိုးဖို့ ဆက်လက် လိုအပ်နေသေးတဲ့အတွက် ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို သြဂုတ်လ ၁၁ ရက်နေ့စွဲနဲ့ ၂ လ တိုးခဲ့တယ်လို့ မောင်တော မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူး ဦးမြင့်ခိုင်က ဘီဘီစီကို ပြောပါတယ်။ ပုဒ်မ ၁၄၄ အရ ဗလီ၊ ကျောင်း စတာတွေ အပါအဝင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ငါးဦး ဒါမှမဟုတ် ငါးဦး ထက်ပိုပြီး လူမစုဖို့နဲ့ ည ၁၀ နာရီကနေ မနက် ငါးနာရီအတွင်း ညမထွက်ရဆိုပြီး ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာအောင် ဒုက္ခသည် စခန်းတွေကို သွားရောက်ပြောဆိုပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

နယ်စပ်မျဉ်းပေါ် ခိုလှုံသူတွေကို အကူအညီရပ်ဖို့ မြန်မာတိုက်တွန်း

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ ထောင်ကို ဘင်္ဂလားဒေရှ့်ဘက်က အထောက်အကူ ပေးနေတာတွေ ရပ်ဖို့ မြန်မာဘက်က ပြောဆိုကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာန က ပြောဆိုလိုက်တယ်လို့ AFP သတင်းက ပြောဆိုပါတယ်။