ရန်ကုန်၊ သြဂုတ် ၇
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကံမမြို့နယ် ကြို့ပင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ ပါတီဝင်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
ကံမ၊ သြဂုတ် ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ဦးစွာတက် ရောက်ခဲ့သည်။
ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လုပ်ပိုင်ခွင့်ကျယ်ပြန့်စွာပေးမည်ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား
ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင်ကို လုပ်ပိုင် ခွင့်ကျယ်ပြန့်စွာ ပေးထားမည်ဖြစ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၆ ရက်တွင် ပြောကြားသည်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ ထည့်သွင်းပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲမှာ NLDက ၁၃ ယောက်နဲ့ ပြည်ခိုင်ဖြိုးက ၁ဝယောက် ၀င်ပြိုင်မယ်
၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထား လာတဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို သြဂုတ် ၆ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု လိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြလာတဲ့ ပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၆၂ ယောက်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ယောက် စုစုပေါင်းကိုယ်စားလှယ် ၆၉ ယောက်ကို ခွင့်ပြု ပေးလိုက်တာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။
ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှုသင်တန်း မြန်မာနှင့် အိန္ဒိယတပ်မတော်ပူးပေါင်း ပို့ချ
မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ တပ်မတော်အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းကို နေပြည်တော်ရှိ Park Royal ဟိုတယ် တွင် ယမန်နေ့ကဖွင့်လှစ် ခဲ့သည်။ အဆိုပါသင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ စောင့်ထိန်းလိုက် နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများကို ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်မှု၊ စစ်ဘက်- အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်နေမှုများကို သင်ကြား မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် သည်။
ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ဗဟိုအတွင်းရေးမှူး တက်ရောက်ချီးမြှင့်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား
ကံမ၊ သြဂုတ်၊ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးပိုက်ထွေးသည် ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးဟန်မောင် တို့နှင့်အတူ ယနေ့ ၀၉:၃၀ နာရီအချိန်တွင် သရက်ခရိုင်၊ကံမမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်သော ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ တက်ရောက်အားပေးခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည် ။
ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ဖါးဆောင်းမြို့ – သြဂုတ် ၇
ယနေ့ (၇-၈-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီ မှ( ၁၁း၄၀)နာရီအချိန်အထိ ကယားပြည်နယ် ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်ရမည့် လုင်ငန်းများအတွက်အသေးစိတ် ဆွေးနွေးကြပါသည်။
သီပေါတွင် ပါတီဆိုင်းဘုတ်တင်ခြင်းနှင့် ၀ါဆိုသင်္ကန်း ကပ်လှူ
သီပေါ သြဂုတ် ၆.
ရှမ်း/မြောက် ကျောက်မဲခရိုင် သီပေါမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ၀ါဆိုသင်္ကန်း ကပ်အလှူ တော်မင်္ဂလာ အခမ်းအနားကို ၆.၈.၂၀၁၈ နေ့ နံနက် ၀၈း၅၅ အချိန်တွင် စတင်ကျင်းပရာ ရှေးဦးစွာ မြို့နယ်ပါတီဆိုင်းဘုတ်ကို မြို့နယ်ဥက္ကဌ ဦးဆောင်သောမြို့နယ်ကော်မတီများနှင့် ရပ်ကျေးပါတီအဖွဲ့ဝင်များ လူငယ်အဖွဲ့များ စုပေါင်းသယ်ဆောင်၍ သတ်မှတ်နေရာ၌ တပ်ဆင်ပေးခဲ့ကြပါသည်။
သီပေါမြို့ ဖြိုးစေတနာရှင်အဖွဲ့ လူမှုရေးထောက်ပံ့ကူညီ
ဖြိုးစေတနာရှင် လူမှုကူညီရေးအသင်းမှ သြဂုတ်လ ၆ ရက်နေ့တွင်မြို့နယ်ပါတီဥက္ကဌဦးအောင် ဖြိုးစေတနာရှင် အသင်းဥက္ကဌ ဦးကျော်လှိုင်နှင့်အသင်းသူ အသင်းသားများမှ ပန်းတိမ်မြောက်ရပ်ကွက်မှ မီးဖွားသူ မခင်မျိုးသူ နှင့် ဈေးရပ်ကွက်မှ ခွဲစိတ်ဆောင်တွင် ဆေးရုံတက်ရောက်နေသူဦးရွှေဝင်းတို့အား ထောက်ပံ့ငွေ ၁၀၀၀၀ိ/စီ ပေးအပ်ခဲ့ပါသည်။
ယမန်နေ့ မနက်ပိုင်းက ဖြိုးစေတနာရှင်လူမှု့ကူညီရေးအသင်းမှ ၂၆ . ၇ .၂၀၁၈ရက်နေ့တွင်ကွယ်လွန်သွားခဲ့သည့် စံလောင်းကျေးရွာ ရပ်ကျေးစည်းမှူးဦးရဲမြင့်၏မိခင်ဖြစ်သူအတွက်ထောက်ပံ့ငွေ ၁၀၀၀၀ိ /အားပေးအပ်ခဲ့ပါသည်။
မယ်စဲ့ပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ
၆.၈.၂၀၁၈ ရက်နေ့ ပြည်နယ်အတွင်းရေးမှူးနှင့်ပြည်နယ်ကော်မတီဝင်များ မယ်စဲ့မြို့နယ်ကော်မတီများ၊ မယ်စဲ့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းဝေးခန်းမတွင် ညနေ(3:00မှ 6:00)ထိ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပခဲ့သည်၊၊
Nang Sheng Phway Hom