ငါန်းဇွန် သြဂုတ် ၂၃
ငါန်းဇွန်မြို့နယ် ပန်းကျေးရွာ ဦးဖြူဖွေး၏နေအိမ်နှင့် သူနတ်စစ် ကျေးရွာတို့တွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာ ပါတီဆိုင်းဘုတ်တင်မင်္ဂလာအခမ်း အနားများကို ယမန်နေ့က ကျင်းပ ခဲ့သည်။
အခမ်းအနားများတွင် မြင်းခြံ ခရိုင်နယ်မြေတာဝန်ခံ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူဦးဆောင်သောအဖွဲ့က မင်္ဂလာအချိန်ကျရောက်သောအခါ ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာ ရည်များပက်ဖျန်း၍ ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားကျင်းပ၍မင်္ဂလာ ရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့သည်။
