မော်လမြိုင်၊ သြဂုတ် ၂၃
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီချိန်တွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မှ မွန်ပြည်နယ် ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ပါတီအတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်(၂)ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ ၁၀ မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံကာ လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။
