ဖြိုးစေတနာ သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသခြင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ဆောင်

ရန်ကုန်၊ သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသရေးအဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၄၁ – တိုးချဲ့) တော်ဝင်အိမ်ရာ သန္တိသုခ သာသနာ့ဗိမာန်တော်တွင် သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များ ကို အခမဲ့ ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့သည်။

မြိတ်ခရိုင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ပါတီဗဟိုအတွင်းရေးမှူး တွေ့ဆုံပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ပေး

မြိတ်၊ သြဂုတ် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးသည် ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသို့ရောက်ရှိပြီး မြိတ်ခရိုင်နှင့် ကျွန်းစု၊ မြိတ်၊ တနင်္သာရီမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများအား တွေ့ဆုံခဲ့သည်။

ပြည်နယ်ပါတီ နှင့် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

ဖရူဆို – သြဂုတ် ၁၅

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့ ပေါင်း၍ စီးပွားရေးကုမ္ပဏီ ထောင်မည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ပေါင်းပြီး စီးပွားရေး ကုမ္ပဏီ ထူထောင်မည်ဟု ယင်းအဖွဲ့ကိုယ်စားလှယ်များ က ပြောသည်။ NCA လက်မှတ်ထိုးအဖွဲ့ခြောက်ဖွဲ့၏ ရပ်တည်ရေး အတွက်  ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် တစ်ဖွဲ့လျှင် တစ်ဦးစီပါဝင်သည့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဖြင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု KNLA ငြိမ်းချမ်းရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။ အဆိုပါ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင်သည် ပအိုဝ်းအဖွဲ့ (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့် ထွန်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန် လပတ်အစည်းအဝေး ပြုလုပ်

 

(15-8-2018) ရက်နေ့ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် လပတ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက ပါတီစည်းရုံးရေးကိစ္စရပ်များ ၊ တောင်သူလယ်သမားရေးရာကိစ္စရပ်များ ၊ အမျိုးသမီးရေးရာ တွေ့ဆုံပွဲပြုလုပ်နိုင်ရေး နှင့် ဗဟိုပါတီ ၏ လမ်းညွှန်မှာကြားထားမှုများကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေး တက်ရောက်လာကြသော ရပ်ကျေး ဥက္ကဋ္ဌများနှင့် ပါတီဝင်များကို ကော်ဖီ နှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

မြန်မာ့ ရိုးရာ” မြန်မာ့သိုင်း”သင်တန်းဖွင့်ပွဲကျင်းပ (မြစ်ကြီးနား)

 

မြစ်ကြီးနားမြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖြိုးရေးပါတီ မှကြီးမှူး ဖွင့်လှစ် သည့် မြန်မာ့ရိုးရာ”မြန်မာ့ သိုင်း” သင်တန်း ဖွင့်ပွဲ အခမ်းအနားကို (၁၅-၈-၂၀၁၈)ရက်နေ့ ၊နံနက်(၉)နာရီက ကချင်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

မင်းဘူး/စကုမြို့နယ်တွင် တိုင်း/ခရိုင်/မြို့နယ်စုံညီအစည်းအဝေးကျင်းပ

 

မင်းဘူး/စကုမြို့နယ်တွင် တိုင်း/ခရိုင်/မြို့နယ်စုံညီအစည်းဝေးကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင် ၊ တိုင်းတောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်နိုင်၊ တိုင်းလူငယ်ရေးရာတာဝန်ခံ ဦးကျော်သူဦး၊ တိုင်းလုပ်ငန်းစစ်ဆေးရေးကော်မတီတာဝန်ခံ ဦးစောဝင်းမောင်၊ တိုင်းစည်းရုံးရေးရာတာဝန်ခံ ဦးဟန်မောင်၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့်ခရိုင်ကော်မတီဝင်များ၊ မြို့နယ် (၅) မြို့နယ်မှ ဥက္ကဌ၊ အတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။

မော်​လမြိုင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့​ဖြိုး​ရေးပါတီမှ ​ရေ​ဘးသင့်ပြည်သူများ​​​ထံသို့ ထမင်း​ဗူးများသွား​ရောက်​လှူဒါန်း

 

မော်​လမြိုင်​၊ သြဂုတ်​ ၁၄

မော်​လမြိုင်​မြို့နယ်​ လှိုင်​နယ်​​မြေအတွင်းရှိ ​ရေ​ဘေးသင့်စခန်း ၃ ခုရှိ ​ရေ​ဘေးသင့်ပြည်​သူများထံသို့ ထမင်းဗူးများအား ​မော်​လမြိုင်​ပြည်​ခိုင်​ဖြိုးပါတီနှင့် Green 9 လူငယ်​များမှ ယ​နေ့ သြဂုတ်​လ ၁၄ ရက်​​နေ့တွင်​ သွား​ရောက်​လှူဒါန်းခဲ့ကြသည်​။
အဆိုပါ ​ရေသင့်ပြည်​သူများထံသို့ ပြည်​နယ်​လူငယ်​​ရေးရာတာဝန်​ခံ ​ဒေါက်​တာတိုးတိုး​အောင်​ ဦး​ဆောင်လျှက်​ ခရိုင်​ မြို့နယ်​​ကော်​မတီဝင်​များ၊ green 9 ပရဟိတလူငယ်​တို့ ပူး​ပေါင်းကာ ထမင်း​ဗူး ၄၀၀ ​ကျော်​ သွား​ရောက်​လှူဒါန်းခဲ့သည်​။

မအူပင်ဘိုးဘွားရိပ်သာ ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါဝင်လှူဒါန်း

 

မအူပင် သြဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် မြို့ ရှောင်လမ်းတွင် ဖွင့်လှစ်ထားရှိ သော မအူပင်ဘိုးဘွားရိပ်သာ၏ သတ္တမအကြိမ်မြောက် ဝါဆို သင်္ကန်းကပ်လှူပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက မအူပင်မြို့ ဘိုးဘွားရိပ်သာဓမ္မာရုံတွင် ကျင်းပ ခဲ့ရာ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှလည်းသင်္ကန်းပါဝင်ကပ်လှူ ခဲ့ကြောင်း သိရသည်။