အမျိုးသမီးရေးရာညီလာခံကို ဂုဏ်ပြုကြိုဆို ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်များ စာရေးကိရိယာများလှူဒါန်း

 

ရန်ကုန် သြဂုတ် ၂၇

ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီ ဝင် ရန်ကုန်တိုင်းဒေသကြီး အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်း ဝင်း၊ပါတီဗဟိုကော်မတီဝင် တာမွေ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေတို့ လိုက်ပါပြီး မေတ္တာညွန့်ရပ်ကွက် သီရိလမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သို့ ယနေ့နံနက်ပိုင်းတွင် သွား ရောက်၍ ဗလာစာအုပ်များ၊ ခဲတံ များကို လှူဒါန်းခဲ့သည်။

(၅၇)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အထိမ်းအမှတ်အဖြစ် ဓမ္မစကြာတရားတော်များရွတ်ဖတ်ပူဇော်

 

ပေါင်းတည် သြဂုတ် ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီကော်မတီဝင် အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်ထားထားနုဦးဆောင်၍ ပေါင်းတည်မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များစုပေါင်း၍ (၅၇)နှစ်မြောက် နိုင်ငံ တော်ဘာသာနေ့အထိမ်းအမှတ်အဖြစ် ပေါင်းတည်မြို့နယ် အုတ်ဖို (၁)ရပ်ကွက် ၃၈ လမ်းရှိ ဣစ္ဆာသယ ဘုန်းတော်ကြီးကျောင်းတွင်း၌ ယမန်နေ့(ဝါခေါင်လပြည့်နေ့)ဝွာင် ညနေ ၆ နာရီမှ ည ၈ နာရီအထိ ဓမ္မစကြာတရားတော်နှင့် မေတ္တသုတ်ပရိတ်တရားတော်များရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

 

မောင်မောင်မြင့်(ချောင်းဦး)

ပြည်ခိုင်ဖြိုးပါတီ အခမဲ့နယ်လှည့်ဆေးကုသ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်

 

မြစ်ကြီးနား သြဂုတ် ၂၇

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည် နယ်အရန်ကော်မတီဝင်ဒေါက်တာခင်မောင်ထွန်းဦးဆောင်သော အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက် အောင်ချမ်းသာကျောင်းတိုက်တွင် ဒေသခံပြည်သူ ၆ဝ တို့အား ကျန်းမာရေးအသိပညာပေးခြင်း၊ စမ်း သပ်စစ်ဆေးကုသခြင်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်အောင်တွင် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၂၆

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည်ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို (၃)ရပ်ကွက် မြို့မရေလယ်ကျွန်း ကျေးရွာပါတီဥက္ကဋ္ဌ ဦးဝင်းဇော်၏ နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁နာရီ က ကျင်းပခဲ့ကြောင်းသိရသည်။

ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်း ဆက်ကပ်လှူဒါန်း

 

မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ သြဂုတ် (၂၆) ရက်၊ ဝါခေါင်လပြည့်နေ့တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သူရ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်း ဆက်ကပ်လှူဒါန်း ကုသိုလ်ပြုခဲ့ကြကြောင်း သိရှိရပါသည်။


ဘုတ်ပြင်းမြို့နယ်တွင်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တ

 

ဘုတ်ပြင်း သြဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအောက်လိပ်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဆိုင်း ဘုတ်တင်ဖွင့်ပွဲကို ယခုလ ၂၄ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွ

 

ရန်ကုန် သြဂုတ် ၂၆

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ပီလခတ်ကျေးရွာ ဟိန္ဒူဘုရားကျောင်းဝင်းရှိ ဓမ္မာရုံ ၌ ယနေ့နံနက် ၉ နာရီခွဲတွင် တောင်ပိုင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဦးအောင်ကျော်မင်း ဦးဆောင်သော ဖြိုးစေတနာ(အခမဲ့) နယ်လှည့်အထွေထွေရောဂါဆေး ကုသရေးအဖွဲ့သည် ကျောက်တန်း မြို့နယ် ပီလခတ်ကျေးရွာအုပ်စု (တမံကြီးပီလခတ်ဟိန္ဒူပီလခတ်) ရှိကျေးရွာနေ မိဘပြည်သူများအား အခမဲ့ဆေးဝါးကုသမှုပြုလုပ်ပေး ခဲ့သည်။

စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်အားပေး

 

စဥ့်ကိုင် သြဂုတ် ၂၆

EA Co.,Ltd မှ ကြက်မျှားကျေးရွာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်မုခ်ဦးနှင့် ကွန်ပျူတာ နှစ်လုံးပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ကျင်းပခဲ့ရာ အလှူရှင်မိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်အဖွဲ့များ၊ ပြည်ခိုင်ဖြိုး ပါတီမှခရိုင်ပါတီကော်မတီဝင်ဒေါ်ခင်နွယ်မြင့်၊ အတွင်းရေး မှူးဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးအဖွဲ့များတက် ရောက်အားပေးချီးမြှင့်ခဲ့သည်။