မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဖွင့်

 

မိုးကောင်း စက်တင်ဘာ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပင်းဘောကျေးရွာအုပ်စု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင် ဒုတိယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းများအား လက်ရှိနိုင်ငံရေးအခြေအနေများ ရှင်းလင်းပြောကြား

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ် က ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ပါတီဝင်ဟောင်းများအား ယနေ့မွန်းလွဲ ၃ နာရီက သွားရောက် တွေ့ဆုံပြီး ‘စဉ်းစားချိန်တန်ပြီ’ခေါင်းစဉ်ဖြင့် လက်ရှိနိုင်ငံရေးအခြေအနေများ ရှင်းလင်းပြောကြားကာ စကားဝိုင်းဖွဲ့ဆွေးနွေးမှုများပြုလုပ်စဉ်။

ဝင်းအောင်(မိုးကောင်း)


မြန်မာ့အရေး ဗြိတိန်လွှတ်တော်မှာ ဆွေးနွေး

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာပါ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ စက်တင်ဘာလအကုန်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေး အဆင့်မြင့် သီးသန်အထူ့းဆွေးနွေးပွဲကို တာဝန်ယူပြုလုပ်ဖို့ ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးသစ် Jeremy Hunt က မနေ့ အင်္ဂါနေ့ ဗြိတိန်အထက် လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌ ကန်သံအမတ်ကြီး မြန်မာ့အရေး ဆက်အာရုံစိုက်မည်

မြန်မာ့အရေးနဲ့ပတ်သက်လို့ သြဂုတ်လက လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးပြီးတဲ့နောက် စက်တင်ဘာလ မှာ အမေရိကန် ပြည်ထောင်စု အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူတဲ့အခါမှာလည်း မြန်မာ့အရေးကို စိုးရိမ်မကင်း ရှိဆဲဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဆက်လက် ကြိုးပမ်း သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ပြည်ခိုင်ဖြိုးပါတီလူငယ်များ သန့်ရှင်းရေးဆောင်ရွက်

 

မအူပင်၊ စက်တင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် အမှတ် (၆) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲတေဇာကျော် ဦးဆောင်သော ပြည်ခိုင်ဖြိုးလူငယ်များသည် ယမန်နေ့ နံနက် ၇ နာရီက အမှတ် (၆) ရပ်ကွက် လူသွားလမ်းတွင်ရှိသော ပေါင်းမြက်များ ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုပါတီဆိုင်းဘုတ်တင်ခြင်းမင်္ဂလာနှင့် နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်း

 

ယနေ့ (5.9.18) ရက်နေ့ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကြက်မျှားကျေးရွာ အုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ဆွေးနွေးခြင်း အခမ်းအနားအား နံနက်(8:30)အချိန် ရပ်ကျေးပါတီကော်မတီဝင်ေ ဒ်ါခင်မျိုးဆွေနေအိမ်တွင် ကျင်းပခဲ့ရာ တိုင်းပါတီကော်မတီဝင်ေ ဒ်ါသိဂီ င်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များနှင့် ပါတီဝင်များ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ကြပြီး နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်းမင်္ဂလာချိန်၌ ပါတီဆိုင်းဘုတ်တင်တင်ခြင်းမင်္ဂလာ ဆက်လက်ကျင်းပခဲ့ပြီး စုပေါင်း၍ မှတ်တမ်းတင်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် စက်တင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂ဝ၁၈)ကိုယနေ့နံနက်၉ နာရီခွဲ က နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ရှေးဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများက လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများနှင့် ဒုတိယ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။

ချင်းမိုင် ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းများကို အပစ်ရပ် အဖွဲ့များ ထုတ်ပြန်

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ မဟာဗျူဟာရေးဆွဲရေး ဆွေးနွေး မည် ဖြစ်ကြောင်း NCA လက် မှတ်ထိုးအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၈ ရက်မှ ၁၁ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး NCAလက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့မှ ခေါင်းဆောင် များနှင့် ကိုယ်စား လှယ်များ စုစုပေါင်း ၁၅၀ ဦး တက်ရောက်မည်ဖြစ်သည်။