မိုးမိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်အားဒါနကုသိုလ်ယူ

 

မိုးမိတ် သြဂုတ် ၃ဝ

မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ဥက္ကဋ္ဌနှင့်မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၅ဝ ခန့်သည် ယနေ့တွင် မိုးမိတ်ခရိုင် မိုးမိတ်မြို့ သာသနာ့ဓမ္မဗိမာန်တော်ကြီး ကွန်ကရစ်ကျောက်ထုတ်လောင်းခြင်းတွင် ပါဝင်လုပ်အားပေးကုသိုလ် ယူခဲ့ကြသည်။


ကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေးဆင့်ပွားသင်တန်းဖွင့်

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေး ခရိုင် ကလေးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ရပ်ကျေးကော်မတီဝင်များ အား ယနေ့နှင့် ယခုလ၃၁ရက်ထိ နှစ်ရက်တိုင်တိုင်ပြည်သူ့ဆက်ဆံရေး (၁/၂ဝ၁၈)ကို သင်တန်းသား ၆ဝ ဖြင့်ဖွင့်လှစ်ရာသင်တန်းသို့စစ်ကိုင်း တိုင်းဒေသကြီးတိုင်းပါတီကော် မတီဝင်ကလေးခရိုင်တာဝန်ခံဦးခင် မောင်သန်းက တက်ရောက်အမှာ စကားပြောကြားပြီးကလေးမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။ သင်တန်းကို နံနက် ၈ နာရီခွဲတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ် ချက်မှာ ပါတီဝင်များအနေဖြင့် ဆိုရှယ်မီဒီယာအသုံးပြုရာတွင် စနစ်တကျ ထိထိရောက်ရောက် အသုံးပြုနိုင်ရန်ရည်ရွယ်ကြောင်း ကလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးတင် လှိုင်ကပြောသည်။ သင်တန်းကို ယခုလ ၃၁ရက်အထိ ဖွင့်လှစ်မည် ဟု သိရသည်။

မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံ

 

ချောက် သြဂုတ် ၃ဝ

မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၏ကျေးရွာပါတီဝင်များနှင့် စကား လက်ဆုံတွေ့ဆုံပွဲကို အိုင်းမကျေး ရွာဦးကြင်ရွှေနေအိမ်၌ ယမန်နေ့ က ပြုလုပ်ကြောင်းသိရသည်။

ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌအား ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ငွေပေးအပ်

 

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်း အောင်နှင့် ကော်မတီဝင်များ သြဂုတ် ၃ဝ ရက် မွန်းလွဲ ၂ နာရီက ကျန်းမာရေးချို့ယွင်းနေသည့် ကညင်မြိုင်ကျေးရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်အား ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ငွေများသွားရောက်ပေးအပ်စဉ်။

ဝင်းအောင်(မိုးကောင်း)


မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၃ဝ

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့်ရပ်/ကျေးပါတီဝင် များနှင့် တွေ့ဆုံပွဲများဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁ဝနာရီမှ စတင်၍ မအူပင်မြို့နယ် ပန်းပင်စု ကျေးရွာအုပ်စုခွာလေးကျွန်းကျေးရွာ လေးကျွန်းစင်္ကြာဘုန်းတော်ကြီး ကျောင်း၌ ပန်းပင်စုကျေးရွာ အုပ်စုမှပါတီဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာကိုကာကွယ်တဲ့ တရုတ်နဲ့ ရုရှားကို Yang-hee Lee ဝေဖန်

မြန်မာ စစ်ခေါင်းဆောင်တွေကို ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို ကန့်ကွက်ခဲ့တဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်နဲ့ ရုရှားရဲ့လုပ်ရပ်ဟာ ပိုပြီး အပြစ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီးတွေကို အရေးယူရေး ကုလအတွင်းရေးမှူးချုပ် ပြော

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့တဲ့ မြန်မာတပ်ဖွဲ့ တွေရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေနဲ့ အဲဒီလို လုပ်ဆောင်ခဲ့မှုတွေအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီး ၅ ဦး ကို စွဲချက်တင် စစ်ဆေးရန် အကြံပေးချက်တွေကို အဖွဲဝင်နိုင် ငံတွေ လေးလေးနက်နက် စဉ်းစားကြဖို့ လုံခြုံရေးကောင်စီမှာ မနေ့က ပြောကြားလိုက်ပါတယ်။

အချက်အလက်ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာ မရိုးသားကြောင်း လုံခြုံရေးကောင်စီ၌ မြန်မာတုံ့ပြန်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်သည် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) ဒုက္ခသည်များ ဆိုးရွားစွာခံစားနေရမှုကို အဆုံးသတ်ရေး မြန်မာနိုင်ငံ နှင့်အတူကိုင်တွယ် ဖြေရှင်းရန် လုံခြုံရေးကောင်စီကို ဩဂုတ် ၂၈ ရက်တွင်တောင်းဆိုသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် တစ်နှစ်အကြာ အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တံခါးဖွင့်ဆွေးနွေးပွဲပြုလုပ်ရာ ကုလအထွေထွေ အတွင်းရေးမှူးချုပ်က ယင်းသို့ထည့်သွင်းပြောသည်။ ‘‘လက်ရှိအခြေအနေဟာ ဘင်္ဂါလီတွေဟာ သူတို့မူလဒေသ ဒါမှမဟုတ် သူတို့ရဲ့ရွေးချယ်မှုအရ လုံခြုံတဲ့၊ ဆန္ဒဂုဏ်သိက္ခာရှိတဲ့ သဘောဆန္ဒအလျောက် ပြန်လာ ခွင့်မျိုးမရရှိ သေးဘူးဆိုတာ ရှင်းလင်းပါတယ်။ မြန်မာအာဏာပိုင်တွေကို ကုလသမဂ္ဂနဲ့ ပူးပေါင်း လုပ်ဆောင်ရေး တိုက်တွန်း ပေးဖို့ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ကျွန်တော် တောင်းဆိုပါတယ်’’ ဟု ၎င်းကပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက်အမှတ်စဉ်(၆/၂၀၁၈) ၂၀၁၈ခုနှစ်၊သြဂုတ်လ(၂၉)ရက် ၁၃၈ဝပြည့်နှစ်၊ဝါခေါင်လပြည့်ကျော်(၃)ရက်