ဘိုကလေး စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဘိုကလေးမြို့နယ် ဆတ် ကျွန်း ကျေးရွာအုပ်စု ဆတ်ကျွန်း ကျေးရွာတွင် သြဂုတ် ၂၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့်လူနေ အိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့ သည်။
ဘိုကလေး စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဘိုကလေးမြို့နယ် ဆတ် ကျွန်း ကျေးရွာအုပ်စု ဆတ်ကျွန်း ကျေးရွာတွင် သြဂုတ် ၂၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့်လူနေ အိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့ သည်။
ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက အမျိုးသမီးညီလာခံအကြိုကလေးများဖွံ့ဖြိုးမှုမှန်ကန်ကောင်းမွန်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်အနောက်ပိုင်းခရိုင်တာဝန်ခံ ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ ဒေါ်စန်းစန်းဝင်း(၁)၊ဒေါ်စန်းစန်းဝင်း(၂)၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဌေးအောင်၊ စိတ်ပညာပါမောက္ခ(ငြိမ်း) ဒေါ်သက်ထားဝင်းနှင့် စိတ်ပါ ဝင်စားသူ မိခင်များတက်ရောက်ကြသည်။
သီပေါ စက်တင်ဘာ ၆
သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လပတ်အစည်းအဝေးနှင့် အမျိုး သမီးနှီးနှောဖလှယ်ပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ပါတီကော်မတီ ဦးစိုင်းစိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင်က (၂ဝ၂ဝ) အောင်နိုင်ရေးကို ဦးထိပ်ထားပြီး ဆောင် ရွက်ကြရန်နှင့် လာမည့်အောက်တိုဘာပထမပတ်တွင်ကျင်းပမည့် အမျိုး သမီးနှီးနှောဖလှယ်ပွဲကို အနှစ်သာရရှိစွာဖြင့် ပါတီဝင်အမျိုးသမီးထုအား ကိုယ်စားပြုကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်။

စားနပ်ရိက္ခာဘေးကင်း လုံခြုံရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) နှင့် ကုန်သည် စက်မှုအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု စာချွန်လွှာကို စက်တင်ဘာ ၄ ရက်က လက်မှတ် ရေးထိုးသည်။
မကွေး၊ စက်တင်ဘာ၊ ၆
၆.၉.၂၀၁၈ နေ့ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးခန်းမ၌ ယနေ့ကျင်းပခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုပြီး စတင်ခဲ့ပါသည်၊ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌဦးဝင်ကြည်နှင့် ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမျိုးသမီးခေါင်းဆောင်များ၊ လူငယ်အမျိုးသမီးအဖွဲ့များနှင့် ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် အမျိုးသမီး စုဖွဲ့ဆွေးနွေးပွဲများ ဆက်လက် ကျင်းပကြပါသည်။
၅. ၉. ၂၀၁၈. ရက်နေ့ နံနက် ၉ နာ၇ီခန့်အချိန်တွင် ကယားပြည်နယ်ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေ မြင့်တက်မူကြောင့် မြစ်ကမ်းဘေးတွင် နစ်မြုပ်လျက်ရှိသော လူနေအိမ်များအား ဖားဆောင်းမြို့နယ် မြေခံတပ်ရင်း ခလရ ၁၃၅ နှင့် ၁၃၄ ပြည်သူရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်ညိုနှင့် လူငယ်အဖွဲ့များ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ ရေက မနက်ဖန် ဆက်တက်နေမယ်ဆိုရင် စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးမှ ပြောကြားကြောင်း သတင်းရရှိပါသည်။ ဖားဆောင်းမြို့နယ် ရွှေပြည်တော်သို့ ပရဟိတလူမူကူညီရေးအသင်းကြီးမှလည်း အားကြိုးမာန်တက် ပါဝင်ကူညီလျှက်ရှိကြောင်း သိရှိရပါသည်.။
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၅) ရက်နေ့ နံနက် (၁၁) နာရီချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ ပါတီရဲ့လမ်းညွန်ချက်များအား ချပြဆွေးနွေးရာ တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌများမှ မိမိတို့ခရိုင်၊ မြို့နယ်များရဲ့ လုပ်ဆောင်ချက်များအား ဆွေးနွေးတင်ပြရာ ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင် (၂) ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ (၁၀) မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ (၁း၃၀) နာရီချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။
၅.၉.၂၀၁၈ နေ့ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁၂) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ( ၉:၀၀) နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုနောက်တွင် ခရိုင်/မြို့နယ် EC များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ၊ လူငယ်အဖွဲ့ဝင်များ တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ၊ လက်ရှိ နိုင်ငံတော်၏အခြေအနေများ၊ မိမိတို့ပါတီ၏ ပြည်သူ့အကျိုးပြု ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အခမ်းအနားကို နေ့လည် ( ၁၂:း၀၀) နာရီမှာ ရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားကို ခရိုင်ကော်မတီဝင် ဦးချစ်သိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးသောင်းဦးနှင့် မြို့နယ်ကော်မတီဝင်များ အရန်မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် ပါတီလူငယ်များ တက်ရောက်ခဲ့ကြပါသည်။