မုံရွာ စက်တင်ဘာ ၁ဝ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုး သမီးရေးရာအဖွဲ့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ(၂ဝ၁၈) အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့တွင် မုံရွာမြို့ နန္ဒဝန်အမှတ် (၆)ရပ်ကွက် တနယ်ပေါက်တော ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသားကျောင်းသူ ၉ဝကျော်အား အာဟာရတိုက်ကျွေးခြင်းနှင့် ရဟန်းသံဃာတော် အရှင်သူမြတ် ၂၆ ပါး တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ဝတ္ထုငွေ ထောက်ပံ့လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ကြသည်။



