မြန်မာ့ပင်လယ်ရေပြင်အတွင်း ပလတ်စတစ်ပါဝင်မှုနှုန်း နော်ဝေးနိုင်ငံအကူအညီဖြင့် ပထမအကြိမ်လေ့လာ

မြန်မာ့ရေပြင်အတွင်း ပလတ်စတစ်ပါဝင်ခြင်းနှင့်မြန်မာ နိုင်ငံငါးသယံဇာတတည်ရှိမှုပမာ ဏတိုင်းတာလေ့လာရန် ရောက်ရှိနေသည့် နော်ဝေးနိုင်ငံမှသုတေ သနရေယာဉ် Dr.Fridtjof Nansen မိတ်ဆက်ပွဲအခမ်းအနား ကို ရန်ကုန်မြို့မြန်မာ့စက်မှုဆိပ်ကမ်းတွင် စက်တင်ဘာ ၁၂ ရက် ညနေကပြုလုပ်ခဲ့သည်။ အဆိုပါ သုတေသန ရေယာဉ်သည် ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံပိုင်နက်ရေပြင်အတွင်း ငါးသယံ ဇာတများ လေ့လာနိုင်ရန်သြဂုတ် တတိယပတ်၌ ရောက်ရှိကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အချက် အလက်များတွင် ဖော်ပြသည်။
ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာနှီနှောဖလှယ်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
စက်တင်ဘာ ၁၂
၁၂ – ၉ – ၂၀၁၈ ရက်နေ့ ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မကြာမီကျင်းပမည့် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအတွက် မြို့နယ်ပါတီရုံးတွင် အကြိုညှိနှိုင်းအစည်းဝေးပြုလုပ်ကြပါသည်။
အခမ်းအနားတွင် ပခုက္ကူ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးး ဦးမြင့်နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးချမ်းမင်း၊ နာယကများ၊ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများ စုစုပေါင်း (၇၂) ဦး တက်ရောက်ကြပါသည်။
စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီး နှောဖလှယ်ပွဲကျင်းပ
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ အခြေခံစက်ချုပ်သင်တန်း (၅/၂ဝ၁၈)ဖွင့်
ရန်ကုန် စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာအဖွဲ့၏ အခြေခံစက် ချုပ်သင်တန်းအမှတ်စဉ်(၅/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သိမ်ဖြူ မီးရထား ရပ်ကွက် သာသနာ့ဟိတဓမ္မာရုံ တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင်ဒေါ်စန်း စန်းဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က စက် ချုပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ကျေးရွာများသို့ ကွင်းဆင်းတွေ့ဆုံ
တမူး စက်တင်ဘာ ၁၂
တမူးပြည်ခိုင်ဖြိုးပါတီမှခရိုင် ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာတို့ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က ခမိတ်ကျေးရွာ နန်မွန်းတားကျေးရွာနှင့် ရန်ငြိန်း အောင် ကျေးရွာများသို့ ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး နယ် မြေကွင်းဆင်းစည်းရုံးရေးဆင်းခဲ့ ကြသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်ဇနီးမိသားစု ပင်းမြို့ဟောင်းတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပင်းမြို့ဟောင်းတွင် ပုပ္ဗာရုံကျောင်း တိုက်ဆရာတော် ဦးဥက္ကဋ္ဌအား မိခင်ကြီးဒေါ်တင်တင်ရီအား အမှူးထား၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုတို့က စက်တင်ဘာ ၁၂ရက်က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ထွန်းမှီ (နတ်မောက်)
အမျိုးသမီးညီလာခံအား ထောက်ခံကြိုဆို ကျောင်းသားကျောင်းသူများအား စာရေးကိရိယာများပေးအပ်လှူဒါန်း
မြန်အောင် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်၊ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးအောင်မျိုးဦး၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရှားတောကျေးရွာမှ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ သည် အမျိုးသမီးညီလာခံ ၂ဝ၁၈ အား ထောက်ခံကြိုဆိုသောအားဖြင့် စာရေးကိရိယာများ ပေးအပ်လှူ ဒါန်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခြင်မှဖြစ်ပွားသောရောဂါမဖြစ်ပွားစေရေး ခြင်ဆေးပက်ဖျန်း
ပဲခူး စက်တင်ဘာ ၁၂
ရဟန်းရှင်လူပြည်သူများနှင့် ကျောင်း သားကျောင်းသူများ ခြင်မှဖြစ်ပွားသော ရောဂါများ ဖြစ်ပွားမှုမဖြစ်စေရေးနှင့် ခြင်အန္တရာယ်မှကင်းဝေးစေရေးအတွက် ပဲခူး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း မြင့်အောင်၏လမ်းညွှန်ချက်အရ မြို့နယ် ပါတီအတွင်းရေးမှူး ဦးမင်းခန့်ကျော် အနီးကပ်ကြီးကြပ်ကာ မြို့နယ်ကော်မတီ ဝင်များနှင့် လူငယ်အဖွဲ့များသည် ယမန်နေ့ မွန်းလွဲပိုင်းက သံစို့ပင်ကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)နှင့် သံစို့ ပင်ဘုန်းတော်ကြီးကျောင်း၊ ဝင်္ဂဘော် သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့် ကျေးရွာဆေးပေးခန်းတို့အား သွားရောက်ပြီး ခြင်ဆေးများဖျန်းပေးခဲ့ ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီပုံမှန်အစည်းအဝေးပွဲကျင်းပ
ကြို့ပင်ကောက် စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီတွင် မြို့နယ်ပါတီရုံး၌ ပုံမှန်လစဉ်အစည်းအဝေးကို ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းဇော်ထွန်းတက်ရောက်ကာ ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး ခရိုင်ပါတီကော်မတီဝင် ဦးကျော်မင်းထွန်းကလည်း ဆွေးနွေးသည်။



