
ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၁၇
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယမန်နေ့က ကြာအင်းဆိပ်ကြီးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပခဲ့ သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ကော်မတီဝင် ဦးစောမြဝင်း၊ ပြည်နယ်အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်စန္ဒာဦး၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဖြူစင်ဝင်းထွန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကော်မတီဝင် ဘုရားသုံးဆူမြို့နယ်တာဝန်ခံ ဦးခိုင်ဝင်း၊ မြို့နယ်လူငယ်ရေးရာကော်မတီဝင် ဦးချိုလေး၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်မိုးသူခိုင်နှင့် ဒေါ်အေးညိမ်းတို့ တက်ရောက်ခဲ့ကြသည်။








