ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအားကြိုဆိုထောက်ခံ မြောက်ဥက္ကလာပြည်ခိုင်ဖြိုးပါတီမှ လုပ်အားပေးဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏လမ်းညွှန်မှုဖြင့် ဗဟိုအမျိုးသမီးညီလာခံ အကြို ထောက်ခံကြိုဆိုလုပ်အားပေးပွဲကို ယမန်နေ့နံနက်၈နာရီမှ စတင်၍ မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် အလက(၁)စာသင်ကျောင်းအတွင်း အပြင် ချုံနွယ်ပိတ်ပေါင်းများရှင်း ခြင်း၊အမှိုက်များရှင်းလင်းခြင်း၊ ကျောင်း ဘေးပတ်ဝန်းကျင် ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ခြင်း၊သွေး လွန်တုပ်ကွေးကာကွယ်ရေး၊ခြင်ဆေး ဖျန်းဆောင်ရွက်ခြင်းများ ပြုလုပ် ဆောင်ရွက်ကြကြောင်းသိရသည်။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့ဝင်များ မိုးကုတ်​မြို့ရှိ သမိုင်းဝင်​တန်​ခိုးကြီးဘုရားများအား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ အလှူ​ငွေများအား ​လှူဒါန်းပူဇော်

 

မိုးကုတ်၊ စက်တင်ဘာ ၂၃

မန္တ​လေးတိုင်း​ဒေသကြီး၊ပြင်​ဦးလွင်​ခရိုင်​၊မိုးကုတ်​မြို့သို့ ​ရောက်​ရှိ​နေ​သော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ ယမန်​​နေ့နံနက်​၁၁နာ ရီ၃၀မိနစ်​ခန့်​က မိုးကုတ်​မြို့ရှိ သမိုင်းဝင်​တန်​ခိုးကြီးဘုရားများဖြစ်​သော ​ဖောင်​​တော်​ဦးဘုရားနှင့်​ချမ်းသာကြီးဘုရား တို့အား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ ​ဂေါပကအဖွဲ့များထံသို့ အလှူ​ငွေများ ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ထို့​နောက်​ ပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ မိုးကုတ်​မြို့နယ်​ ကသဲ​ကျေးရွာအုပ်​စု ခြ​င်္သေ့​ရေရပ်​ရှိ သီရိမင်္ဂလာ စွမ်​မွန်​​ကျောင်းတိုက်​သို့ သွား​ရောက်​၍ တိုက်​အုပ်​ဆရာ​တော်​ဘဒ္ဒန္တပဏ္ဏိတအား ဖူး​မျှော်​ကြည်​ညိုကန်​​တော့ကာ လှူ ဖွယ်​ပစ္စည်းနှင့်​အလှူ​ငွေများအား ဆက်​ကပ်​လှူဒါန်းခဲ့ကြပြီး စေတီတော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည်။

မိုးကုတ်​မြို့တွင်​ ကျင်းပ​​သော ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးတက်​​ရောက်​အား​ပေး

 

မိုးကုတ်​၊ စက်တင်ဘာ ၂၃

မိုးကုတ်​မြို့၊ထင်​ရှူးခြံရပ်​ကွက်​၊မဏိရတနာခန်းမတွင်​ ယ​နေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်​(၉)နာရီခွဲ အချိန်တွင် ကျင်းပ​သည့် ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦး သန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

မိမိတို့မလိုချင်သောအခြေအနေတစ်ရပ်ကို မိမိတို့ ပြောင်းလဲခွင့်ရှိသည်ဟု မြင်းခြံမြို့တွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြော

 

မြင်းခြံ စက်တင်ဘာ ၂၂

မြင်းခြံမြို့၊အမှတ်​(၁၈)ရပ်​ကွက်​၊လူထုဟစ်​တိုင်​ကွင်းတွင်​ ယ​နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်တွင် ကျင်းပ​သော ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲတွင် မိမိတို့မလိုချင်သောအခြေအနေတစ်ရပ်ကို မိမိတို့ ပြောင်းလဲခွင့်ရှိသည်ဟု ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး မှပြောကြားလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည်နှင့် ဂျယ်ရီမီဟန့် ရခိုင်ပြည်နယ်အရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆွေးနွေး

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်ကို နေပြည်တော်တွင် ယမန်နေ့က လက်ခံတွေ့ဆုံ၍ ရခိုင်ပြည်နယ်အရေ့းနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အကြောင်း ဆွေးနွေးခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့တွင် ရန်ကုန်မြို့မှ ရခိုင် ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ကာ မွန်းလွဲတွင် နေပြည်တော် သို့ ရောက်ရှိလာကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိုးဟန်က ရှင်းပြသည်။

သတင်းထောက် ၂ ဦး လွှတ်ပေးဖို့ ကုလအကြီးအကဲ တောင်းဆို

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်း ထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာအစိုးရကို တောင်းဆိုလိုက် ပါတယ်။

ဒုကာကွယ်ရေးဦးစီးချုပ် အိန္ဒိယ စစ်ဌာနချုပ်လေ့လာ

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါအဖွဲ့ဟာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၊ Fort William မှာရှိတဲ့ အိန္ဒိယ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကြာသပတေးနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ ပူနီမြို့မှာ တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့တဲ့ ဘင်းမ်စတက် ညီလာခံကို တက်ရောက်ဖို့ အိန္ဒိယကို ရောက်ရှိ နေခဲ့ကြတာဖြစ်ပါတယ်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုခြင်းအားဖြင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

မြန်အောင်၊ စက်တင်ဘာ ၂ဝ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုခြင်းအားဖြင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ဆည်ရွာအုပ်စု တလုတ်ကုန်းကျေးရွာ အောင်သုခ ဝေဠုဝန်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အခမ်းအနား မစတင်မီ အောင်သုခဝေဠုဝန်ဆရာတော်အား မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့က ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပြီး ဆရာတော်ထံမှ သြဝါဒခံယူခဲ့ကြသည်။

မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လစ်လပ်ကော်မတီဝင်များ ရွေးချယ်ပွဲ ကျင်းပ

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် အစည်းအဝေးနှင့် လစ်လပ်ကော်မတီဝင်များ ရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မင်းပြားမြို့ ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်ကော်မတီဝင် ဦးဦးဘသိန်း၊ ခရိုင်ကော်မတီဝင် ဦးသခင်ချို ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်စောသန်း၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးဦးဘစိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်ခဲ့ကြသည်။