
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို မည်သည့် နိုင်ငံ၊ အဖွဲ့အစည်းကမျှဝင် ရောက်စွက်ဖက်ဆုံးဖြတ်နိုင်ခွင့်မ ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ကပြောကြားသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများနှင့် စက်တင်ဘာ ၂၃ ရက်တွင် တွေ့ဆုံစဉ်ယင်းသို့ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလသမဂ္ဂသဘောတူ ညီချက်များမှ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် သဘောတူညီချက်များကို လိုက်နာနေကြောင်းနှင့် ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ပြောကြားမှုများသည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အမြင်လွဲမှားမှုကို ဖြစ်စေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြသည်။
