အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ရွှေညောင်ပင်ရပ်ကွက်တွင် စည်းရုံးဟောပြော

 

၂ဝ၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့က စက်တင်ဘာ ၁၂ရက်တွင် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်၌ မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးဟောပြောခဲ့ကြောင်းသိရသည်။

ဝင်းအောင်(မိုးကောင်း)


ပြည်ခိုင်ဖြိုးပါတီလေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့

 

မိုးညှင်း စက်တင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ စီမံညွှန်ကြားမှုဖြင့် မိုးညှင်းခရိုင်ပါတီ အရန် ကော်မတီဝင် ဦးခင်မောင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးလမိုင်နှင့်ကော်မတီ ဝင်များ၊ ဟိုပင်ဒေသပါတီတာဝန်ခံ ဦးမြဝင်းနှင့်ကော်မတီဝင်များသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးညှင်းမြို့နယ် အင်းလေးကျေးရွာ မှ လေဘေးသင့်နေအိမ် ၁၃ လုံး အတွက် နေအိမ်တစ်လုံးလျှင် ငွေ ကျပ်သုံးသောင်းနှုန်းဖြင့် စုပေါင်း ငွေကျပ် ၃၉ဝဝဝဝ ကို သက်ဆိုင် သည့်မိသားစုဝင်များထံ ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတက်ရောက်

 

မိတ္ထီလာ စက်တင်ဘာ ၁၃

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ အထက(၁) ကျောင်း ဧကရာဇ်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် လူကုန်ကူးမှုတိုက် ဖျက်ရေးစာစီစာကုံး၊ပန်းချီ၊ကာတွန်း ပြိုင်ပွဲ ဆုရကျောင်းသား ကျောင်း သူများအား ဆုပေးပွဲကျင်းပခဲ့ ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ မိတ္ထီ လာမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါ တီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည် များ၊ ရပ်မိရပ်ဖ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်းအင်အား ၃ဝဝ ခန့် တက်ရောက်ပါကြောင်း သိရသည်။

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သရက်လေးပင်ကျေးရွာ ပါတီဝင်များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

မ​ကွေး၊ စက်​တင်​ဘာ ၁၂

မ​ကွေးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စုစု​နောင်​ တို့သည်​ ယမန်​နေ့ နံနက်​ ၁၀ နာရီအချိန်တွင်​ သရက်​​လေးပင်​​ကျေးရွာ၌ ပါတီဝင်​များ၊ ​ရပ်​မိရပ်​ဖများအား​တွေ့ဆုံခဲ့ပြီး မန်​ကျီးကိုင်းကြီးပဲ့ကျ၍ ​နေအိမ်​ပျက်​ဆီးသွား​သော ပါတီဝင်​ ဦးသိန်းလွင်​အား ပြန်​လည်​ပြုပြင်​​ရေးအတွက်​ ​ငွေကျပ်​ ၅ ​သောင်း​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။ ဆက်​လက်​၍ ယ​မန်နေ့ ည
၆. နာရီခွဲအချိန်​တွင်​ ​အေးမြသာယာ​ကျေးရွာ၌ ပါတီဝင်​များအား ​တွေ့ဆုံခဲ့ပြီး ည ၈ နာရီအချိန်​တွင်​ သိင်္ဂါဂီရိရပ်​ကွက်​ရှိ ညပိုင်း ပရဟိတစာသင်​ဝိုင်းသို့ သွား​ရောက်​၍ စာသင်​ခုံ ၃ ခုံ လှူဒါန်းခဲ့​ကြောင်း သိရသည်​။

မြန်မာ့ပင်လယ်ရေပြင်အတွင်း ပလတ်စတစ်ပါဝင်မှုနှုန်း နော်ဝေးနိုင်ငံအကူအညီဖြင့် ပထမအကြိမ်လေ့လာ

မြန်မာ့ရေပြင်အတွင်း  ပလတ်စတစ်ပါဝင်ခြင်းနှင့်မြန်မာ နိုင်ငံငါးသယံဇာတတည်ရှိမှုပမာ ဏတိုင်းတာလေ့လာရန် ရောက်ရှိနေသည့် နော်ဝေးနိုင်ငံမှသုတေ သနရေယာဉ် Dr.Fridtjof Nansen မိတ်ဆက်ပွဲအခမ်းအနား  ကို ရန်ကုန်မြို့မြန်မာ့စက်မှုဆိပ်ကမ်းတွင် စက်တင်ဘာ ၁၂ ရက် ညနေကပြုလုပ်ခဲ့သည်။  အဆိုပါ သုတေသန ရေယာဉ်သည် ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံပိုင်နက်ရေပြင်အတွင်း ငါးသယံ ဇာတများ လေ့လာနိုင်ရန်သြဂုတ် တတိယပတ်၌ ရောက်ရှိကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အချက် အလက်များတွင် ဖော်ပြသည်။

ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာနှီနှောဖလှယ်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

 

စက်တင်ဘာ ၁၂

၁၂ – ၉ – ၂၀၁၈ ရက်နေ့ ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မကြာမီကျင်းပမည့် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအတွက် မြို့နယ်ပါတီရုံးတွင် အကြိုညှိနှိုင်းအစည်းဝေးပြုလုပ်ကြပါသည်။
အခမ်းအနားတွင် ပခုက္ကူ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးး ဦးမြင့်နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းလွင်၊ အတွင်းရေးမှူး ဦးချမ်းမင်း၊ နာယကများ၊ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများ စုစုပေါင်း (၇၂) ဦး တက်ရောက်ကြပါသည်။