
မြန်မာနိုင်ငံသမိုင်းတွင် မပေါ်ပေါက်ဖူးသေးသည့် နိုင်ငံ့ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိတ်ပျက်အားငယ်နေသော ပြည်သူလူထု တစ်ရပ်လုံးနှင့် ပြည်ပအင်အားစုများ၏ ငြိမ်းချမ်းရေး အပေါ် မျှော်လင့်ချက် ပိုမိုမြင့်မားလာ စေနိုင်သောကြောင့် ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ပါစေဟု ပအိုဝ်း လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း များကစုပေါင်း၍ သဘောထားထုတ်ပြန်ကြေညာသည်။

