ဆားလင်းကြီးတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဆားလင်းကြီး အောက်တိုဘာ ၁ဝ

ယင်းမာပင်ခရိုင်ဆားလင်းကြီးမြို့ အမှတ်(၁)ရပ်ကွက် ဦးအောင်ဖေ ၏နေအိမ်၌ ယမန်နေ့တွင် ပြုလုပ် သည့် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားသို့ ယင်းမာပင် ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်စိုး၊ ခရိုင်ပါတီကော်မတီဝင်ဦးညွန့်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါ်ကြူကြူစိန်၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးအောင်သန်း၊ မြို့ နယ်ပါတီကော်မတီဝင် ဒေါ်ကြည် ကြည်ခိုင်(အမျိုးသမီးရေးရာတာ ဝန်ခံ)နှင့် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၄ဝတက်ရောက်ကြ၍ အမွှေးနံ့သာ ရည်များဖြင့်ပက်ဖျန်းကာ ဆိုင်း ဘုတ်တင်ခဲ့ကြသည်။

ဗဟိုအမျိုးသမီးညီလာခံ ဂုဏ်ပြုကြိုဆို အင်းတော်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့စုပေါင်းလှုပ်ရှားမှုဆောင်ရွက်

 

အင်းတော် အောက်တိုဘာ ၁ဝ

အင်းတော်မြို့နယ်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၈နာရီခွဲကမြို့နယ်အမျိုးသမီးရေး ရာပါတီဝင်များစုပေါင်း၍ မကာရ လောပအကျော် မန်လည်ဆရာ တော်ရုပ်ကလာပ်တည်ရှိရာ မန် လည်ကျောင်းဝင်းအဝင်လမ်းကွန် ကရစ်ခင်းရာတွင် ဒေသခံရွာသူ ရွာသားများနှင့်အတူပါဝင်လုပ်အား ပေးဆောင်ရွက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒက္ခိဏသီရိမြို့ နယ်ရုံး၌ ယမန်နေ့နံနက် ၉ နာရီက ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပခဲ့သည်။ အခမ်းအနားကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပရာတွင် နိုင်ငံတ်ာအလံအားအလေးပြု ပြီး နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနား ကျင်းပ

 

လွိုင်ကော် – အောက်တိုဘာ ၁၀

မအူပင်ပြည်ခိုင်ဖြိုးပါတီ ကျေးလက်ဒေသဖွံ့ဖြိုးရေး တွေ့ဆုံညှိနှိုင်း

 

မအူပင် အောက်တိုဘာ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် မြို့နယ်အတွင်းရှိ ကျေး လက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်အတွက် တွေ့ ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီခွဲ၌ မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာရှိကျေးရွာမီးလင်းရေး ကော်မတီရုံးတွင် ကျင်းပခဲ့သည်။

ဗဟိုအမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

အောက်တိုဘာ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး ကျောင်း ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသော ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှော ဖလှယ်ပွဲသို့တိုင်းဒေသကြီးပါတီကော်မတီ ဝင် ဒေါက်တာထိန်ဝင်း၊ တိုင်းဒေသကြီး အမျိုးသမီး တာဝန်ခံဒေါ်နွယ်နွယ်ဦး၊ ခရိုင် ပါတီဥက္ကဋ္ဌဦးကျော်ကျော်၊ အတွင်းရေးမှူး ဦးလှဌေးနှင့် ခရိုင်အမျိုးသမီးတာဝန်ခံ ဒေါ် သက်သက်လွင်၊ ဧည့်သည်တော် ဦးစိုးဝင်း တို့ တက်ရောက်အားပေးကြသည်။

အကြမ်းဖက်မှုကိစ္စ မြန်မာအစိုးရ စုံစမ်းလိုတဲ့ဆန္ဒမရှိကြောင်း ယန်ဟီးလီပြော

မြန်မာအစိုးရဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်စွမ်းမရှိ သလို၊ စုံစမ်းစစ်ဆေးဖို့ဆန္ဒလည်း မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။

သြဂုတ်လ ၂ဝ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ထည့်သွင်းထားတဲ့ ကိစ္စကို အခုနောက်တကြိမ် တိုက်တွန်း ပြောဆိုလိုက်တာပါ။ ရိုဟင်ဂျာ မွတ်စလင် တွေကို အကြမ်းဖက်ဖြိုခွဲ မောင်းထုတ်ခဲ့တဲ့အတွက်ဆိုပြီး မြန်မာထိပ်ပိုင်း စစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က တောင်းဆိုထားတာပါ။

ရခိုင်ပြည်နယ်အရေး ဂျပန်ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ ဒီနေ့တွေ့ဆုံခဲ့ကြပြီး၊ မြန်မာ့အရေးနဲ့ ဆွေးနွေးရာမှာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အရေးကြီးတဲ့အကြောင်း အလေးထား ပြောဆိုသွားကြပါတယ်။ ဂျပန်နိုင်ငံက စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့ မျှော်လင့်နေတဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေးအပေါ် စိုးရိမ်ချက်တွေ ရှိနေတဲ့ အခြေအနေကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာဖြစ်ပါတယ်။

ကန်ကြီးဒေါင့်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ဖျာပုံ အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး ကန် ကြီးဒေါင့်မြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ကန်ကြီးဒေါင့်ပြည်ခိုင်ဖြိုးပါတီ ခန်းမ၌ ယမန်နေ့နံနက်၁ဝနာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးညဏ်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဒေါ်ခင်စောမူးကဗဟို အမျိုးသမီးညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြား ခဲ့ကြောင်း သိရသည်။

ပန်းတနော်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ပန်းတနော် အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးကျင်းပသော ဗဟို အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပန်းတနော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။