
၂၀၁၈ အောက်တိုဘာလ ၄ ရက်

၂၀၁၈ အောက်တိုဘာလ ၄ ရက်

ရန်ကုန်၊ အောက်တိုဘာ ၎
ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်န့နံနက် ၁၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး ကော်မတီဝင် များနှင့်တွေ့ဆုံ၍ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်များကို တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ သည်။
အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ကိုယ်စားလှယ်လောင်း များနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများက ပံ့ပိုးကူညီရမည့် လုပ်ငန်း စဉ်များကို မှာကြားခဲ့သည်။

ရှမ်းပြည်နယ် အထူးဒေသ၂မှာ UWSA ခေါ် ၀တပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ ၀လူမျိုး ခရစ်ယာန်ဓမ္မဆရာ ၁၀၀ လောက်ကို ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်းနဲ့လားဟူ ဓမ္မဆရာ ၉၀ ကျော်ကိုတော့ လွှတ်မပေး သေးကြောင်း လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူက ပြောပါတယ်။ ဒီလို ပြန်လွှတ်ပေးရာမှာ ဘာသာရေးဆိုင်ရာကန့်သတ်ချက်တွေပါဝင်တဲ့ ခံဝန်ချက်ကို လက်မှတ်ထိုးရတယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်သူအချို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတားအဆီး တစ်ခုအဖြစ်လွှဲချနေကြသည်ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောဆိုလိုက်သည်။ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ USDP ပါတီ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ဦးသန်းဌေးက ပြောကြား ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ (၄)၊ မင်းဘူး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုမြို့ရှိ ဇာတ်ရုံခန်းမတွင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး မင်းဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆန္ဒရှင်ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက် (၈) နာရီ ၃၀ မိနစ်က ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

အောက်တိုဘာ ၄၊ မင်းဘူး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ချိန် တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျာင်းတော်ရာ စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် စေတီတော်မြတ်ကြီးအကျိုးတော်ဆောင်ချုပ်နှင့် ကျောင်းကြီးကျောင်းဆရာတော် အရှင်ဓမ္မစာရအား ဖူးမျှော်ကြည်ညိုပူဇော်၍ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
လွိုင်ကော် – အောက်တိုဘာ ၃
ယနေ့ ၃-၁၀-၂၀၁၈ ရက်နေ့ နေ့လည်(၁၁း၃၀)နာရီအချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ (ကယား ပြည်နယ်တာဝန်ခံ) ဦးဝင်းမြင့်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်ပါတီ တို့သည် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံပါ သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် သံတွဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။
အောက်တိုဘာ ၃၊ ကန်ပက်လက်
ချင်းပြည်နယ်၊မင်းတပ်ခရိုင်၊ကန်ပက်လက်မြို့နယ်၊ကန်ပက်လက်မြို့၊မြို့မ(၂)ရပ်ကွက်၊အထကဘောလုံးကွင်းတွင် ယနေ့နံနက်(၉)နာရီမှ(၁၀)နာရီ၃၀မိနစ်အထိ ကျင်းပသောလူထုတွေ့ဆုံပွဲအခမ်းအနားသို့အခမ်း အနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကာ ကန်ပက်လက်မြို့ နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမနားနိုင်း၏ ကိုယ်ရေးအကျဉ်းအား မြို့နယ်ပါတီအတွင်းရေးမှူးဦးကီးပိုင်းမှ ဖတ်ကြားပြီးနောက်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
အောက်တိုဘာ(၃)၊ အရာတော်
မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအမျိုးသမီးညီလာခံအကြို အရာတော်မြို့နယ်အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနားကို(၃-၁၀-၂၀၁၈)နေ့ နံနက်(၉း၃၀)နာရီကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့နေရာယူပြီးနောက် အခမ်းအနားကိုနိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက်မုံရွာခရိုင်ပါတီဥက္ကဌဦးအောင်တိုးက အဖွင့်အမှာစကားပြောကြားပြီး အရာတော်မြို့နယ်ပါတီကော်မတီဝင် ဒေါ်ဇင်မာကအမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အခမ်းအနားပထမပိုင်း အစီအစဉ်များ ကျင်းပပြီးစီးခဲ့သည်။