မိတ္ထီလာ အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီခရိုင် အစည်း အဝေးခန်းမ၌ ယမန်နေ့ နံနက် ၇ နာရီခွဲမှစတင်၍ ဗဟိုအမျိုးသမီး ညီလာခံကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် မိတ္ထီလာခရိုင် ဓမ္မစကြာရွတ် ဖတ်ပူဇော်ပြိုင်ပွဲကျင်းပခဲ့သည်။ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြိုင်ပွဲ၏ စည်းကမ်းချက်၊ အမှတ်ပေးပုံစည်း ကမ်းချက်များကို မိတ္ထီလာမြို့ နန်း တော်ကုန်းရပ်ကွက် သဒ္ဓမ္မဝံသာရုံ ပါဠိတက္ကသိုလ် ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာန တိုင်း သံဃာ့ဝန်ဆောင် ဘဒ္ဒန္တဥူးနန္ဒဝံသ ဆရာတော်ကရှင်းလင်းမြွက်ကြားကာ အခမ်းအနားကို နမောတဿသုံး ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။

