ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ဗဟိုအမျိုးသမီးညီလာခံအကြို အစည်းအဝေးကျင်းပ
ဝန်းသို စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ အမျိုးသမီးရေးရာညီလာခံအကြိုအတွက် အစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။
ယင်းအစည်းအဝေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်းက အမျိုးသမီးရေးရာ မြို့နယ်အကြို ညီလာခံနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး စီစဉ်ညွှန်ကြားခဲ့ကြောင်း သိရသည်။
အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဒေါက်တာစိုးမင်းခေါင်းဆောင် သည့် ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသရေး အဖွဲ့တို့ပူးပေါင်း၍ စက်တင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၃ နာရီထိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံး၌ အခမဲ့ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိန်ဝင်း(YGN)
ကမာရွတ်ပြည်ခိုင်ဖြိုး ဗဟိုအမျိုးသမီးညီလာခံကြိုဆိုစာရေးကိရိယာလှူဒါန်း
ရန်ကုန် စက်တင်ဘာ ၂၇
ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်ပြုကြိုဆို သောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၉နာရီ က ကမာရွတ်မြို့နယ် (၄)ရပ်ကွက်ရှိ မြတ်လေးရုံ ဘုန်းတော်ကြီးကျောင်းဆရာတော်အား ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပြီး သာဓုအနုမောဒနာ တရား နာယူခဲ့သည်။
တပ်ကုန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုကျင်းပနိုင်ရေးနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တပ်ကုန်းမြို့နယ်ရုံး၌ ယမန်နေ့နံနက် ၁ဝနာရီက ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ မြို့နယ်အဆင့်အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးနှင့်မြို့နယ်ကော်မတီ ဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ် ကျုံဘိုင်းကျေးရွာတွင် ကရင်ပြည်နယ်တာဝန်ခံ ပါတီဝင်များနှင့်တွေ့ဆုံ
ကော့ကရိတ် စက်တင်ဘာ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ကော့ကရိတ်မြို့နယ် ကျုံဘိုင်းကျေးရွာရှိ ကော့သာစူးနှင့် ကော့ဒေးဆိုင်ဆရာတော်အား ဖူးမြော်၍ သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်ခဲ့သည်။ ထို့နောက် ယမန်နေ့နံနက် ၉ နာရီတွင် ကျေးရွာဓမ္မာရုံ၌ ကျေးရွာရှိပါတီဝင်အင်အား ၁၅ဝ တို့အား ယနေ့ဖြစ်ပျက်နေသော တိုင်းပြည်အခြေအနေ၊ စီးပွားရေးအခြေ အနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အမျိုးသမီးရေးရာအဖွဲ့၏ ဆံပင်နှင့်မိတ်ကပ် အလှပြင်သင်တန်း အမှတ်စဉ်(၃)ဆင်းပွဲကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ ဆံပင်နှင့် မိတ်ကပ်အလှပြင်သင်တန်းအမှတ် စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီတွင် တောင်ညွန့် မီးရထားရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့နှင့် ကရင်နီအမျိုးသမီးရေးရာအစည်းအရုံးအဖွဲ့တို့ တွေ့ဆုံ
လွိုင်ကော် စက်တင်ဘာ ၂၇
ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာတာဝန်ခံ ပြည်နယ် ကော်မတီဝင် ဒေါ်ဒေါရစ်လေး ဦးဆောင်သောအဖွဲ့နှင့်ကရင်နီအမျိုး သမီးရေးရာအစည်းအရုံး(KYWO) အဖွဲ့ ဒေါ်မူအန်းဂျေလာ(စီမံကိန်း ဒါရိုက်တာ) ဦးဆောင်သောအဖွဲ့ တို့သည် ကယားပြည်နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီ တွေ့ဆုံကြ သည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် သုတဘဏ်စာကြည့်တိုက်ရှေ့တွင် အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်
၂၇ – ၉ – ၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် သုတဘဏ်စာကြည့်တိုက်ရှေ့တွင် အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်ခဲ့ရာ တိုင်း /ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်နှင့် မဲဆန္ဒရှင် ရှမ်းတိုင်းရင်းသားများ စုစုပေါင်းအင်အား ၇၀ ဦးတက်ရောက်ခဲ့ပါသည်။
မင်္ဂလာအချိန်တွင် ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းစိုက်ထူ
ခဲ့ပြီး သုတဘဏ်စာကြည့်တိုက်အတွင်း ကိုယ်စားလှယ်လောင်းမိတ်ဆက်ခြင်း ၊ ကိုယ်စားလှယ်လောင်း ကိုယ်ရေးအကျဉ်းဖြန်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်နှင့်အဖွဲ့ သည် ၁၀:၁၅ အချိန်တွင် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက် သဇင်အေးရပ် ရှမ်းတိုင်းရင်းသား ဦးစိုင်းစိုးမင်းနေအိမ်တွင် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် ၅၀ ဦးနှင့် တွေ့ဆုံခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဒဂုံတောင် အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု၍ လှူဒါန်းမှုများ ပြုလုပ်
ပြည်ခိုင်ဖြိုးပါတီ ဒဂုံတောင် အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံတောင်မြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါး ပညာသင်ကျောင်းသားကျောင်းသူများအား တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးနေသော လေးထောင့်ကန်ရပ်ကွက် ဇမ္မူအေးဘုန်းတော်ကြီးသင် ပညာသင်ကျောင်း(မူလွန်) ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများအား လိုအပ်နေသည့်စာရေးကိရိယာများ၊ ဆရာတော်များအား ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒန်းခြင်းကို ၂၇. ၉. ၂၀၁၈ ရက်နေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ ဒဂုံတောင်မြို့နယ်ဥက္ကဌေ်ဒ်ါစမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်အသီးသီးမှ အမျိုးသမီးခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ဥက္ကဌနှင့်ကော်မတီဝင်များ၊ လူငယ်ရေးရာတာဝန်ခံ ဦးဇော်မင်းထွဏ်းနှင့် မြို့နယ်လူငယ်အဖွဲ့ဝင်များမှ လေးထောင့်ကန်ကျေးရွာမှ
တစ်နာရီလမ်းလျှောက်ရသော ဘုန်းကြီးကျောင်းသို့ခက်ခက်ခဲခဲ သွားရောက်၍ ကလေးများ၏ ပညာသင်ရေးအတွက် လိုအပ်သည်များ ကွင်းဆင်းထောက်ပံခဲ့ကြပါသည်။