နိုင်ငံထူထောင်ဖို့ အခြေခံကောင်းများ ချမှတ်ထားပြီးဖြစ်တဲ့အတွက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်စွမ်းရှိမဲ့ အရည်အချင်းပြည့်ဝသူများကို ရွေးချယ်တာဝန်ပေးအပ်ရန်သာ အဓိက အရေးကြီးသည်ဟု ဥက္ကဋ္ဌ ဦးသန်းဌေး မြစ်ကြီးနားမြို့ရှိပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင် ပြောကြား

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မြစ်ကြီးနားမြို့ရှိ ပြည်သူလူထုတွေ့ဆုံပွဲနှင့် ပါတီဝင်အဆိုပြု လွှာစုပေါင်းပေးအပ်ပွဲကိုအခမ်းအနားကို အောက်တိုဘာလ ၁၇ရက်နေ့ နံနက်၈နာရီ အချိန်တွင် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ပြု လုပ်ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအားအ လေးပြုပြီး နောက် နိုင်ငံတော်သီးချင်းကိုသံပြိုင်သီဆိုခြင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။

လေယာဉ် မတော်တဆ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရှိခဲ့သော ကလေးငယ် နေအိမ်သို့ ပါတီဒုတိယ ဥက္ကဌ ဦးမြတ်ဟိန်းမှ သွားရောက် အားပေး

 

မင်းဘူး၊ အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး ၊မင်းဘူး(စကု) မြို့ တောက်ဘက်ခြမ်းတွင် ယမန်နေ့ကဖြစ်ပေါ်ခဲ့သည့် ရာဥတုရုတ်တရက် ဆိုးရွားမှုကြောင့် စစ်ဘက်သုံးလေယာဉ် နှစ်စင်း ပျက်ကျရသည့် ဖြစ်စဉ်အတွင်း လေယာဉ်အပိုင်းအဆ ထိမှန်၍ အသက်သေဆုံးခဲ့ရသော မသွယ်ဇင်ငြိမ်းနှင့် ခြေထောက် ဒဏ်ရာရှိသွားသော မောင်ဟိန်းထက်အောင် တို့ နေအိမ်များသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမြတ်ဟိန်းနှင့် အဖွဲ့တို့ သွားရောက် နှစ်သိမ့်အားပေးခဲ့ကြပါသည်။

ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲပြုလုပ်

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့သည်။

အစီအစဉ်အရ လော်ဝေါ်နှစ်ခြင်းအဖွဲ့ချုပ် ဓမ္မဆရာကောင်စီသဘာပတိ Rev.ဟန်းကောခေါင်ဇောင်း မှအစီအစဉ်ဆက်ကပ်ဆုတောင်းပြီး ဓမ္မသီချင်းအမှတ်စဉ် ၃၄၂ ဖြင့် ဂုဏ်တော်ချီမွမ်းသည်။

ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သို့ ပထမဆုံးအကြိမ် ယနေ့သွားမည်

ကုလသမဂ္ဂအတွင်းရေး မှူး၏အထူးကိုယ်စားလှယ်သည် ကချင်ပြည်နယ်သို့ ယနေ့ (အောက်တိုဘာ ၁၇ ရက်)တွင် သွားရောက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာ နဒုဝန်ကြီး ဦးစိုးအောင်က ပြောသည်။ ကုလအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှယန်နာဘာဂီနာသည် ရခိုင်ပြည်နယ်သို့ လေးရက် ကြာသွားရောက်ပြီးနောက် ကချင် ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ကာ ခရီးစဉ် နှစ်ရက်ခန့်    ကြာမြင့်မည်ဖြစ် ကြောင်း အထက်ပါဒုဝန်ကြီးက ရှင်းပြသည်။

NCA မထိုးရသေးသည့်အဖွဲ့များ လက်မှတ်ထိုးရေး အစိုးရနှင့် အပစ်ရပ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် ထိပ်သီး ဆွေးနွေးပွဲ တွင် သဘောတူညီ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ်ထိုးရေးဆောင် ရွက်ရာတွင် အစိုးရနှင့် NCA လက်မှတ်ထိုး ပြီးသည့် တိုင်းရင်းသား အဖွဲ့များပူးပေါင်းဆောင်ရွက်ရန် နေပြည်တော်ထိပ်သီးအစည်းအဝေး၌ သဘောတူညီမှု ရရှိခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ခေါင်းဆောင် ၁၀ ဦးနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့မှ ခေါင်းဆောင် ၁၀ ဦး၏ ထိပ် သီးဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ နှင့် ၁၆ ရက်တွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် လူထုတွေ့ ဆုံပွဲ ပါတီဥက္ကဌဦးသန်းဌေး တက်ရောက်

 

အောက်တိုဘာ – ၁၇ (မြစ်ကြီးနား)

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုပါတီ အမျိုးသမီးညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ ကျင်းပပြုလုပ်

ဆိပ်ဖြူ၊​၊ ​အောက်​တိုဘာ ၁၆

ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ တနင်္သာရီမြို့နယ်ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

တနင်္သာရီ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှကြီးမှူး၍ ယမန်နေ့နံနက် ၉ နာရီ ၄၅မိနစ်က ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို တနင်္သာရီမြို့-မြတ်ပန်းတော်ဝင်ဟိုတယ်ခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ သဘာပတိ မြို့နယ်ပြည်ခိုင်ဖြိုးအမျိုးသမီး ရေးရာကော်မတီဝင် ဒေါ်ဌေးဌေး ဝင်းနှင့်အဖွဲ့မှနေရာယူ၍ အခမ်း အနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ကာ သဘာပတိက အဖွင့်အမှာစကားပြောကြားပေးသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် သရက်ပင်ကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်အုတ်တွင်းမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ယမန်နေ့ မွန်းလွဲ ပိုင်းက ခရိုင်/မြို့နယ် ပါတီ ကော် မတီဝင်များနှင့်အတူ သရက်ပင် မောင်နှမအုပ်စု သရက်ပင် ကျေး ရွာ ဦးပြုံးခြံဝင်းအတွင်း ဒေသခံ မဲဆန္ဒရှင်ပြည်သူများနှင့်ရင်းနှီးစွာ မိတ်ဆက်ပြီးပါတီ၏မူဝါဒလမ်းစဉ် များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရိုထန်းပွီးယာ ဟဲဇင်းကျေးရွာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

တမူး အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင်တမူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာသည် ၂ဝ၁၈ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ဟဲဇင်းကျေး ရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ ဆုံခဲ့သည်။