ရန်ကုန် အောက်တိုဘာ ၂၉
တာမွေမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဦးမျိုးဝင်းကျော်နှင့်အဖွဲ့ဝင် များသည် ယမန်နေ့က ရပ်ကွက် နှစ်ခုသို့သွားကာ လူထုနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
”ဒီနေ့ ညနေပိုင်းမှာတော့ ကျောက်မြောင်းအရှေ့နဲ့ ကျောက် မြောင်း အထက်ရပ်ကွက်နှစ်ခုကို သွားရောက်ပြီး လူထုနဲ့ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်” ဟု ဦးမျိုးဝင်းကျော်ကပြောသည်။
