ပွင့်ဖြူ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီခွဲက ပွင့်ဖြူ မြို့နယ်ပါတီရုံး၌ပြုလုပ်ခဲ့ရာ မကွေး တိုင်းဒေသကြီးပါတီကော်မတီဝင် တိုင်း ဒေသကြီး တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်နိုင်က စိုက်ပျိုးရေး ဆိုင်ရာများနှင့် ကူညီဆောင်ရွက်ပေးနိုင် သည်များအားရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးရန်နိုင်စိုးနှင့် အတွင်း ရေးမှူး ဦးဆန်းထွန်းတို့က မြို့နယ်ပါတီ၏ တစ်လတာအတွင်းလှုပ်ရှားဆောင်ရွက်ခဲ့မှု များ၊ တိုင်းဒေသကြီးပါတီနှင့် ခရိုင်ပါတီ တို့၏လုပ်ငန်းလမ်းညွှန်များ၊ ကြားဖြတ်ရွေး ကောက်ပွဲ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့သည်။





