မုံရွာ၊ အောက်တိုဘာ – ၃၀
မုံရွာ၊ အောက်တိုဘာ – ၃၀
ဖျာပုံ၊ အောက်တိုဘာ ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိကြပြီး နံနက် ၉ နာရီခွဲ အချိန်မှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သက္ကယ်ချောင်းကျေးရွာအုပ်စု ရွှေသိုကျေးရွာနှင့် ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး သင်တန်းကျောင်းခန်းမတို့တွင်ပြုလုပ်သည့် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ဒေးဒရဲမြို့နယ် သက္ကယ်ချောင်းကျေးရွာအုပ်စု ရွှေဘိုကျေးရွာ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ရောက်ရှိကြပြီး အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြုကြပြီး နိုင်ငံတော်သီချင်းစုပေါင်းသီဆိုကာ ဖွင့်လှစ်ခဲ့သည်။
31.10.2018 ရက်နေ့ ၁၁း၂၅ နာရီအချိန်တွင် ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးဥက္ကဌ ဦးဝင်းမောင် တိုင်းပါတီကော်မတီဝင် ပြင်ဦးလွင်ခရိုင် နယ်မြေတာဝန်ခံ ဦးတင့်လွင်ဦး ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည် သပိတ်ကျင်းမြို့ နယ်ပါတီဥက္ကဌ ဦးထွန်းတင့် သပိတ်ကျင်းမြို့နယ် တိုင်ဒေသကြီး နယ်မြေ(၁) လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးမြင့်စိုးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ်များ ရင်နှီးစွာတွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် လွတ်လပ်ပြီး တရားမျှတသော Election ဖြစ်မြောက်ရေးအတွက် အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီ ကော်မတီဝင် ဦးယောဘ ဦးဆောင်သည့် အရန်ပါတီကော်မတီဝင် ဦးအောင်ကိုလတ် ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးကျလာလေးတို့သည် ဖါဝေါအုပ်စု ဟိုနားကျောင်းရွာသို့ မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်စိန်၏ ဒုတိယအကြိမ် (ပ) ပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးအထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို သွားရောက်တွေ့ဆုံရှင်းလင်းပြပြီး ရွာသူရွာသားများ၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား ပြည်ခိုင်ဖြိုးတံဆိပ်၊ ဘောပင်များ လှူဒါန်းမျှဝေပေးခဲ့ပါသည်။
ပန်းတနော် အောက်တိုဘာ ၃ဝ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော် မြို့နယ် ပြလင်းကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်မြသိန်းနှင့်ပါတီဝင်များသည် ပြလင်းကျေးရွာမှ လုပ်သားပြည်သူများနှင့်အတူ ပူးပေါင်း လျက် ပြလင်းကျေးရွာနှင့်ဆုံကုန်းကျေးရွာတို့ကို ဆက် သွယ်ထားသည့်အရှည်ပေ ၂၃ဝ ရှိ ဝါးတံတားကို ယမန် နေ့က စုပေါင်းပြီး လုပ်အားဒါနပြုခဲ့ကြောင်း သိရသည်။
မောင်ခိုင်ဖြိုး(ပန်းတနော်)
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၃၀ ရက်နေ့၌ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေသူဝင်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း နှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီများနှင့်ရပ်/ကျေးအမျိုးသမီးရေးရာပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပာအခမ်းအနားတွင် သဘာပတိအဖွဲ့မှနေရာယူပြီး နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ပါတီအတွင်းရေးမှူးမှ မိတ်ဆက်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌမှ အဆိုပါနှီးနှောဖလှယ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြသော ရပ်/ကျေးအမျိုးသမီးကိုယ်စားလှယ်များမှ အစုအဖွဲ့လေးဖွဲ့ဖြင့် စာတမ်းများပြုစုခဲ့ကြကြောင်း သိရှိရသည်။
ကလေး အောက်တိုဘာ ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၁ဝနာရီတွင်မြို့နယ်ပါတီရုံး၌ကျင်းပရာ မြို့နယ်အမျိုးသမီးရေးရာကော် မတီဝင်များ၊ ရပ်/ကျေးအမျိုးသမီးရေးရာကော်မတီဝင် ၁၇ဝကျော် တက် ရောက်၍ ခရိုင်ပါတီဥက္ကဋ္ဌဦးတင်လှိုင်ကအမှာစကားပြောကြားပြီး မြို့နယ် ပါတီဥက္ကဋ္ဌဦးအောင်ဆန်းဝင်းက တက်ရောက်လာသော အမျိုးသမီးကိုယ် စားလှယ်များအား အစုအဖွဲ့လေးဖွဲ့ဖြင့် မိမိတို့အမျိုးသမီးဘဝမြင့်မားတိုး တက်လာစေရေးကို ဆွေးနွေးကာ ဆွေးနွေးချက်များကို မှတ်တမ်းတင်နိုင် ရန်တင်ပြခြင်း၊ ဆွေးနွေးတင်ပြချက်များအား အစုအဖွဲ့အလိုတ်ဖတ်ကြား တင်သွင်းခြင်း၊ သဘာပတိက မှတ်တမ်းတင်အတည်ပြုကြောင်းပြော ကြား၍ မြို့နယ်ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ တက် ရောက်လာသော အမျိုးသမီးပါတီဝင်များက’ပြည်ခိုင်ဖြိုးဟေ့’ သီချင်းဖြင့် သံပြိုင်သီဆို၍အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နေပြည်တော် အောက်တိုဘာ ၃ဝ
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင် ယမန်နေ့မှစ၍ ဥတ္တရသီရိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် သီဟသွေး လူငယ်များက ပြည်သူအတွက် အထူး လျှော့ဈေးဖြင့် ကျေးရွာများအရောက် ဆန် ရောင်းချပေးလျက်ရှိသည်။
မင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ဖောင်းလောင်ကျေးရွာ၊ သဲကျွန်းကျေးရွာ နှင့် မင်းကုန်းကျေးရွာများသို့ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီဟသွေးလူငယ်များက စုပေါင်း၍ ဒေသပေါက်ဈေး ဆန်တစ်ပြည် ကျပ် ၁၃ဝဝ ရှိနေချိန်တွင် ဇေယျာသီရိ ပြည်ခိုင်ဖြိုးပါတီဝင်များက တစ်ပြည်ကို ကျပ် ၁ဝဝဝ ဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အုတ်တွင်း၊ အောက်တိုဘာ ၃ဝ