
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေဟာ ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံကို အဆက်မပြတ် အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ သွေးဆောင်ခံထားရသူတွေဖြစ်တယ်လို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ဘင်္ဂါလီ တွေကို ပြန်ခွင့်ပြုမှာမဟုတ်ကြောင်း၊ ပြန်လွှတ်လိုက်ရင် လူဦးရေ ကျဆင်းသွားမှာဖြစ်ကြောင်း၊ ဒုက္ခသည်စခန်း တွေမှာလည်း ဘင်္ဂါလီလူငယ်တွေကို မြန်မာပြည်ကို အလုံးအရင်းနဲ့ ၀င်ရောက်နိုင်ဖို့ သွေးဆောင် လှုံ့ဆော် နေကြောင်း ပြောဆိုခဲ့တာကို NewsWatch သတင်း ဝက်ဆိုဒ်က တင်ထားတဲ့ ဗီဒီယိုမှာ တွေ့ရတယ်လို့လည်း ဖေါ်ပြပါတယ်။









