
ဘင်္ဂလားဒေ့ရှ်အစိုးရက ယူခီယာနှင့်တက်ခ်နမ်ဒေသတို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများ၌ လူသားမျိုးနွယ်အတွက် ၀န်ဆောင်မှုပေးနေသည်ဆိုသော ခေါင်းစဉ်ဖြင့် အလုပ်လုပ်နေသော အစိုးရ မဟုတ်သည့်အဖွဲ့အစည်း(NGO) အချို့၏ လှုပ်ရှားမှု များကိုစောင့်ကြည့်ပြီး လိုအပ် သောအရေးယူဆောင်ရွက်မှုပြု လုပ်ရေး ကော်မတီတစ်ရပ်ဖွဲ့ စည်းခဲ့သည်။ ယင်း NGO အချို့နှင့် ပတ်သက်ပြီး ဒေသတွင်း လူ့အသိုင်း အ၀ိုင်းကိုယ်စားလှယ်များက စိတ် ပျက်နေပြီး ယင်းအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ လိုအပ်သော အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။








