စက်တင်ဘာ(၁)၊မန္တလေး
ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဈေးများအတွင်း ယမန်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိက Mask များ အခမဲ့ ဖြန့်ဝေ လှူဒါန်းခဲ့သည်။
စက်တင်ဘာ(၁)၊မန္တလေး
ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဈေးများအတွင်း ယမန်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိက Mask များ အခမဲ့ ဖြန့်ဝေ လှူဒါန်းခဲ့သည်။
မန္တလေး စက်တင်ဘာ
အောင်မြေသာစံမြို့နယ် အနှိပ်တော်နှင့်ဒေါနဘွား ရပ်ကွက်များအတွင်း နေထိုင်သော အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုး ဘွားများအား ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အိမ်တိုင် ရာရောက် လှည့်လည်ပူဇော်ကန် တော့၍ အလှူငွေနှင့်စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ကူညီ ခဲ့သည်။
ရန်ကုန် စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် Face-Shield များကို ယမန်နေ့ညနေ ၄ နာရီက (၂၅) ရပ်ကွက် စည်ပင်လမ်းပေါ်ရှိ ဂိတ်ဟောင်းဈေးအနီးဈေးသူဈေးသားများနှင့် ဈေးဝယ်ပြည်သူများလမ်းတွင် သွားလာနေကြသည့် ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေပေးပြီး Face-Shield တပ်ဆင်သွားလာကြစေရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ပျော်ဘွယ်၊ သြဂုတ် ၃၁
COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တိုက်တွန်းပြောကြား လိုက်သည်။ “ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ယခုလို ရောဂါဖြစ်ပွားတဲ့ကာလမှာ ကျန်းမာရေးအထူး ဂရုစိုက် ကြဖို့လိုတယ်။ မိမိကိုယ်ကိုယ်မိမိ ဂရုစိုက်ရမှာဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေကိုလည်း လိုက်နာကြဖို့ လိုတယ်”ဟု ဦးသောင်းအေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ငွေနံ့သာကျေးရွာရှိ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးက အလှူငွေ သိန်း (၁၀၀) ကျပ်အား ယနေ့ နံနက် ၈ နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော် အရှင်ပညာဝရထံမှ သြဝါဒခံယူခဲ့ကြပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက အလှူငွေသိန်း (၁၀၀) ကျပ်အား လှူဒါန်းခဲ့သည်။
သြဂုတ် ၃၀
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့် ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၆) ရပ်ကွက်ရှိ သာမဏေကျော်စာသင်တိုက်ရှိ ဆရာတော်ထံသို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ သွားရောက် ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ သွားရောက်လှူဒါန်းရာတွင် ဗဟိုအတွင်းရေးမှူးနှင့်အတူ ရန်ကုန်မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး ရွှေပြည်သာပြည်ခိုင်ဖြိုးနာယက ဦးရဲဆွေလှိုင် ရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်နှင့်မြို့နယ် ကော်မတီဝင်များနှင့်အတူ သွားရောက်လှူဒါန်း ခဲ့ကြပါသည်။
ဖာပွန် သြဂုတ် ၃၁
ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက် ၅နာရီက ဖာပွန်မြို့အမှတ် (၂) ရပ်ကွက်ရှိ ဝေဠုဝန်ကျောင်းတိုက်တွင် ပန်းပေါင်းစုံ ဘုရားဆင်းတုတော် အဆူ ၅ဝဝ အနေ ကဇာတင်ခြင်းနှင့် နာရေးကူညီမှု အသင်းကို နိဗ္ဗာန်ယာဉ် လိုက်ထရပ်ကားတစ်စီး လှူဒါန်းခြင်းအတွက် ရေစက်ချ အခမ်းအနားပြုလုပ်ခဲ့သည်။
ဘားအံ သြဂုတ်လ
ကရင်ပြည်နယ်ဘားအံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်လွင်၊ ဦးဝင်းတင်၊ ဒေါ်နန်းနီနီအောင် တို့သည် ယမန်နေ့နံနက် ၉နာရီခွဲက ကရင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သို့ ဆန် ဆီ ပဲ ခေါက်ဆွဲနှင့် ဘုရားဆင်းတုတော်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ခင်နီနီအောင်
ရန်ကုန် သြဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းထိုက်၊ ဘဏ္ဍာ ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြန်မာစာပါမောက္ခ ဒေါက်တာရွှေပြည်စိုး၊ ဦးကျော်စွာ တိုးမြင့်၊ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းအောင်တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အမှတ် (၂) ရပ်ကွက် မေတ္တာရပ်ကွက်အတွင်း ရှိCOVID -19 ကာလအခက်အခဲရှိ မိဘပြည်သူများအား ဆန်နှင့် ကြက်ဥများ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းရာ အမှတ် (၂) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောထွန်း နှင့် မေတ္တာရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက စေတနာရှေ့ထား ပေါင်းစပ် ကူညီဆောင်ရွက် ပေးကြောင်း သိရသည်။ အေးမင်းဇော်(မြောက်ဥက္ကလာ)
ရန်ကုန် သြဂုတ်လ
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့တွင် ဘုန်းတော်ကြီးကျောင်း ငါးကျောင်းသို့ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။