
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကာတာနိုင်ငံကို ကျင်းပခွင့်ပေးခြင်းသည် မှားယွင်းမှုတစ်ခုဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ဝန်ခံခဲ့သည်။
အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်သူ ဆပ်ဘလတ္တာသည် ကာတာနိုင်ငံကို ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ရွေးချယ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် FIFA ဥက္ကဋ္ဌရာထူးကို ရယူထားသူ ဖြစ်သည်။









