၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရောပမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒိန်းမတ်အသင်းသည် အိမ်ရှင် ကာတာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းဆိုးများနှင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ပြုမူဆက်ဆံပုံကို ဆန္ဒပြသည့်အနေဖြင့် toned down ပြုလုပ်ထားသည့်ဝတ်စုံဖြင့် ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒိန်းမတ်အသင်း၏ဝတ်စုံကို ချုပ်လုပ်ပေးမည့် Kit Provider တစ်ခုဖြစ်သည့် Hummel က ဒီဇိုင်းထုတ်ပေးထားသည့်ဝတ်စုံတွင် အနီရောင်၊ အနက်ရောင်နှင့် အဖြူရောင် ပြောင်ဝတ်စုံများဖြစ်ပြီး ယခုပြိုင်ပွဲသည် လူ့အသက် ထောင်ပေါင်းများစွာကို ရင်းပြီး ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်ခုဟုလည်း ဒိန်းမတ်အသင်းက ယူဆခဲ့သည်။