
ပြီးခဲ့တဲ့လက မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဒိုင်လူကြီးကို တွန်းခဲ့တဲ့ ဖူလ်ဟမ်တိုက်စစ်မှူး အလက်ဆန်းဒါး မီထရိုဗစ်ကို ရှစ်ပွဲပယ် ပြစ်ဒဏ် နဲ့ ဒဏ်ငွေ ပေါင် ၇၅၀၀၀ ချမှတ်လိုက်ကြောင်း အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ်က ပြောကြားပါတယ်။
အဲဒီပွဲမှာ ဆာဘီးယားတိုက်စစ်မှူးက ဒိုင်လူကြီး ကာဗာနက် ကို ရင်ဆိုင်ခဲ့ပြီး ပခုံးနဲ့လည်း တိုက်ခဲ့ပြီးနောက်မှာ တိုက်ရိုက်အနီ နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။









