
ဒီနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေမှာ မန်စီးတီးက လိုက်ပ်ဇစ်ကို (၇-၀) ဂိုးနဲ့အနိုင်ရပြီး ပေါ်တိုနဲ့ အင်တာမီလန်တို့ ပွဲစဉ်မှာတော့ ဂိုးမရှိ သရေကျသွားပါတယ်။ မန်စီးတီးနဲ့ လိုက်ပ်ဇစ်တို့ပွဲမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းက တယောက်တည်း ၅ ဂိုး သွင်းယူခဲ့ပြီး ဥရောပချန်ပီယံလိဂ်ပွဲစဉ်တပွဲမှာ သွင်းဂိုး ၅ ဂိုးထိသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ မန်စီးတီးအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ တဖက်တဂိုးစီ သရေကျထားလို့ နှစ်ကျော့ပေါင်းရလဒ် (၈-၁) ဂိုးနဲ့ နောက်တဆင့် ကွာတားဖိုင်နယ်တက်သွားသလို အင်တာမီလန်ကလည်း ပထမအကျော့မှာ (၁-၀)ဂိုးနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်းရလဒ် (၁-၀) ဂိုးနဲ့ ကွာတားဖိုင်နယ်တက်သွားပါတယ်။





ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာ ဆီကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ပေမယ့် ဂူးဂဲလ်မှာ ရှာဖွေမှု အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးကနေ ပန်းပန်နေတဲ့သူကတော့ စီရော်နယ်ဒို ဖြစ်ကြောင်း သိရှိရပါတယ်။


