
အေစီမီလန်အသင်းမှ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် အူဒီးနီးစ်အသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်းယူပြီးနောက် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်းအနေဖြင့် အေစီမီလန်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခြင်းလည်းဖြစ်သည်။





 


