၂၀၂၂-၂၀၂၃ ရာသီ စပိန်စူပါဖလား ပြိုင်ပွဲကို ဇန်နဝါရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ ချုပ် (RFEF) က ထုတ်ပြန်ကြေညာခဲ့သည်။
စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၌ တတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး COVID-19 ကပ်ရောဂါကြောင့် ခရီးသွားလာမှု ကန့်သတ်ထားသည့် ၂၀၂၀-၂၀၂၁ ရာသီမှ လွဲ၍ နောက်ဆုံးလေးရာသီတွင် သုံးကြိမ်မြောက် သွားရောက်ကျင်းပခြင်းဖြစ်သည်။