စပါးနှင့် အာဆင်နယ်နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်က အင်္ဂလန်နောက်ခံလူ စမောလင်းအား ရိုးမားအသင်း တွင် ဆက်နေရန် တိုက်တွန်းခဲ့သည်။ စမောလင်း(၃၃ နှစ်)သည် ယခုရာသီကုန်တွင် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် အင်တာမီလန်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။ သို့သော် ဆိုးလ်ကမ်းဘဲလ်က ”စမောလင်းဟာ ရိုးမားမှာ သူ့ရဲ့ထိပ်တန်းခြေစွမ်းကို ပြနေပါတယ်။ သူ့အနေနဲ့ ဘာလို့ ရိုးမားက ထွက်မှာလဲ။ ရိုးမားက ထိပ်သီးအသင်းပါ။ အဲဒီအသင်းမှာပဲ သူ ဆက်နေသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဗီလာရီးယဲလ်အားရှုံးနိမ့်သည့်ပွဲတွင်စပိန်ကစားသမားမပါသည့်လူစာရင်းကိုအသုံးပြုခဲ့ခြင်းအတွက်အန်ဆယ်လော့တီ ရှင်းလင်း
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ဗီလာရီးယဲလ်အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် စပိန်ကစား သမားမပါဝင်သည့် ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ခြင်းမှာ တမင်တကာ မဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဇန်နဝါရီ (၇)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် (၁၆) ဗီလာရီးယဲလ် (၂-၁) ရီးယဲလ်မက်ဒရစ်ပွဲတွင် ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီသည် စပိန်ကစားသမား မပါဝင်သည့်ပွဲထွက် လူစာရင်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်ရွေးပွဲတွင် ဆော်ဒီအာရေဗျကို ထောက်ခံအားပေးရမည့်အချက် စီရော်နယ်လ်ဒို၏စာချုပ်၌ မပါဝင်ကြောင်း အယ်လ်နာဆာအသင်း တုံ့ပြန်
စီရော်နယ်လ်ဒိုနှင့် အယ်လ်နာဆာအသင်းအကြား ချုပ်ဆိုခဲ့သည့် စာချုပ်တွင် ဆော်ဒီအာရေဗျ၏ ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပူးတွဲအိမ်ရှင်ဖြစ်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင် ထောက်ခံအားပေးရမည့်အချက် ပါဝင်နေသည်ဟု သတင်းများထွက်ပေါ်နေမှုအား အသင်းဘက်မှ ငြင်းဆန်ခဲ့သည်။ အသက် (၃၇)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းနှင့် စာချုပ်အရ အားကစားသမားများထဲတွင် အမြင့်ဆုံးဝင်ငွေအဖြစ် တစ်နှစ် ယူရိုသန်း (၂၀၀)အထိရရှိပြီး စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ် ဇွန်လအထိဖြစ်သည်။
၂၀၂၂ MNL ဂိုးသွင်းဘုရင် ရန်ကျော်ထွေးနှင့် ကစားသမားဟောင်း ဆယ်လာတို့ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူစာချုပ်
ကွင်းလယ်ဒိုင် လာဟို့ဇ်ရဲ့ ရှိုးပွဲတွေ ရပ်တန့်ချိန်
အက်စ်ပန်ညိုနဲ့ ကက်တလန်ဒါဘီပွဲစဉ် မတိုင်ခင်မှာ ဘာစီလိုနာနည်းပြ ဇာဗီက ကွင်းလယ်ဒိုင် လာဟို့ဇ်အပေါ် အမြင်ကြည်လင်နေခဲ့ တယ်။ “လာဟို့ဇ်ကို ကျွန်တော် သဘောကျပါတယ်။ သူက ကစားသမားတစ်ဦးလို ခံစားပြီးပွဲ ပေါင်းများစွာ တာဝန်ယူဖူးတယ်။သူက စကားအများကြီးပြောပြီး အပြုသဘောဆောင်ပါတယ်။ ကွင်းလယ်ဒိုင်ဆိုတာ တရားမျှတရပါမယ်။ ပွဲကြောင်နေလို့မရပါဘူး” လို့ ဇာဗီ ပြောဖူးတာပါပဲ။
မြန်မာတိုက်စစ်မှူး အောင်သူ ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်အသင်းသို့ ရောက်ရှိပြီး ရက်ပိုင်းအကြာမှာပင် လေ့ကျင့်ရေး ကွင်း၌ ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် တစ်လခွဲဝန်းကျင် အနားယူရမည်
မြန်မာတိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်အသင်းသို့ ရောက်ရှိပြီး ရက်ပိုင်းအကြာမှာပင် လေ့ကျင့်ရေးကွင်း၌ ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် တစ်လခွဲဝန်းကျင် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ အောင်သူသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်က ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်း နှင့် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် လမ်ဖွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ လမ်ဖွန်အသင်းနှင့် အောင်သူသည် ယခုရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုထားပြီး ကစားသမား၏ ခြေစွမ်းအပေါ်မူတည်ကာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရယူထားခြင်းဖြစ်ကြောင်း သိရသည်။
ဗန်ဘက်စတန်ကို ဥပမာယူပြီး ပေါ့ဘာ လစာမယူသင့်ဟု အေးဂျင့် ဆို
ဘောလုံးသမားအေးဂျင့်တစ်ဦးဖြစ်သူ ကော်လာဆန်တိုဆိုသူက ပေါ့ဘာအနေဖြင့် ဗန်ဘက်စတန်ကို ဥပမာ ထားကာ ယခုရာသီအတွက် လစာမယူသင့်ကြောင်း ပြောကြားခဲ့သည်။နယ်သာလန်ဂန္ထဝင် ဗန်ဘက်စတန်သည် အေစီမီလန်တွင် ကစားစဉ်က ဒူးဒဏ်ရာကြောင့် နားနေစဉ်အတွင်း လစာမယူခဲ့မှုမှာ ထင်ရှားခဲ့သည်။ပေါ့ဘာသည် ယခုနွေတွင် ဂျူဗင်တပ်စ်ကို ပြန်လည်ရောက်ရှိလာပြီးကတည်းက ဒဏ်ရာကြောင့် တစ်ပွဲမျှမကစားရသေးပေ။ ထို့ကြောင့် ကော်လာဆန်တိုက ပေါ့ဘာအနေဖြင့် ဗန်ဘက်စတန်ကဲ့သို့ ပြုမှုသင့်သည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဥရောပထိပ်တန်းအသင်းကြီး၏ စိတ်ဝင်စားခြင်းကို ခံနေရသည့် လီယာအိုအား အေစီမီလန်အသင်းတွင် ဆက်နေရန် ဖိလစ်ပိုအင်ဇာဂီ တိုက်တွန်း
ယုံကြည်မှုမြင့်မားလာသော်လည်း အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဟုပြောဆိုရန် စောလွန်းနေသေးကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် ဖွင့်ဟ
မန်ယူနည်းပြ တန်ဟက်ဂ်က မိမိတို့အသင်းမှာ ယုံကြည်မှုမြင့်မားလာသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဟု ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ မန်ယူအသင်းသည် ဇန်နဝါရီ (၃)ရက်က ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဘုန်းမောက်အသင်းအား အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် (၃-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများပြုလုပ်