စပိန်တင်းနစ်သမား ကားလို့စ်အယ်ကာရက်ဇ်က ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည်ရယူဖို့ ရည်မှန်း ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် အယ်ကာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လက်စွမ်းကောင်းတွေနဲ့အတူ ကမ္ဘာ့အဆင့် ၁ နေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ရာသီပိတ် အေတီပီဖိုင်နယ်ပွဲကို လွဲချော်ခဲ့ရသလို အခုရာသီအဖွင့်ပွဲ ဖြစ်တဲ့ ဩစတြေးလျအိုးပင်းကိုလည်း လွဲချော်ခဲ့ရပါတယ်။
မွေးနေ့အလှူအဖြစ် ဒေါ်လာဆယ်သန်းအထိစံချိန်တင်လှူဒါန်းမည့် ဘက်စ်ကက်ဘောကစားသမား မိုက်ကယ်လ် ဂျော်ဒန်
ဘက်စ်ကက်ဘောကစားသမားကြီး မိုက်ကယ်ဂျော်ဒန်သည် ယခုတစ်ပတ်အကုန်တွင်ကျရောက်မည့် ၎င်း၏အသက် ၆၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် Make – A – Wish ဖောင်ဒေးရှင်းသို့ အလှူငွေ ဒေါ်လာ ၁၀ သန်း ကို စံချိန်တင်လှူဒါန်းမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ကကြေငြာခဲ့သည်။
Make – A – Wish ဖောင်ဒေးရှင်းသည် အသက် ၈ နှစ်မှ ၁၈ နှစ်ကြား ပြင်းထန်ဝေဒနာခံစားနေရသည့် ကလေးငယ်များ၏ ဆန္ဒကိုဖြည့်ဆည်းပေးရန် တည်ထောင်ထားသည့်အဖွဲ့အစည်းဖြစ်သည်။
(၇) ရက်အတွင်း ကမ္ဘာတစ်ဝှမ်းက မာရသွန်ပြိုင်ပွဲ ၇ ခုကို ဘီးတပ်ကုလားထိုင်နဲ့ ပြီးမြောက်အောင်မြင်ခဲ့တဲ့ ပထမဆုံး အားကစားသမား
မသန်စွမ်းအိုလံပစ်ကစားသမားဟောင်း ဝီလျံ တန်ဆိုသူက ဘီးတပ်ကုလားထိုင်နဲ့ World Marathon Challenge ကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ ပထမဆုံးအားကစားသမားဖြစ်လာခဲ့ပါတယ်။ အခုလိုအောင်မြင်မှုကို Singapore Disability Sports Council က အင်စတာဂရမ်မှာ ကြေညာခဲ့တာပါ။ အသက် ၆၆ နှစ်အရွယ် စင်ကာပူနိုင်ငံသားဝီလျံက ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ (၇) ရက်အတွင်း တိုက်ကြီး (၇) တိုက်က မာရသွန်ပြိုင်ပွဲ (၇) ခုကို ပြီးမြောက်ခဲ့တာပါ။
အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့တဲ့မန်စီးတီး
လက်ရှိပရီးမီးယားလိဂ် ဘောလုံးရာသီအမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာကို အချိန်ကြာမြင့်စွာ ဦးဆောင်ထားတဲ့ အာဆင်နယ်အသင်းကို မန်စီးတီးအသင်းက အနိုင်ရခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ၁ ဂိုး ၃ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်ဖြစ်သည့် အမေရိက၊ မက္ကဆီကိုနှင့် ကနေဒါတို့ ခြေစစ်ပွဲ ကန်ဖို့မလို
မက္ကဆီကို၊ ကနေဒါနှင့် အမေရိကန် အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းများသည် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အလိုအလျောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဖီဖာ ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။ အဆိုပါသုံးနိုင်ငံစလုံးသည် မြောက်အမေရိက၌ ၂၀၂၆ ကမ္ဘာ့ဖလားကျင်းပရန်အတွက် ဖီဖာက ရွေးချယ်ရာတွင် အိမ်ရှင်နိုင်ငံများအဖြစ် ပူးတွဲရွေးချယ်ခံခဲ့ရသည်။
ထို့ကြောင့် ဖီဖာ၏ အစဉ်အလာအရ အိမ်ရှင်နိုင်ငံများသည် ခြေစစ်ပွဲများ ကန်စရာမလိုဘဲ ကမ္ဘာ့ဖလားတွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
ထိုင်း တောဝက်ဘောလုံးအသင်းက လူငယ်ဘောလုံးသမား ဒွန် ဗြိတိန်မှာ သေဆုံး
ထမ်လုံခွန်နမ့်ဂူထဲကနေ ကယ်တင်နိုင်ခဲ့တဲ့ ထိုင်းလူငယ် ၁၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တောဝက်ဘောလုံးအသင်း ခေါင်းဆောင်ဟာ ဗြိတိန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ပရွမ်သက်လို့ အမည်ရတဲ့ လူငယ်ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက အသက် ၁၇ နှစ်ပြည့်ချိန်မှာ လက်စတာရှိုင်းယားစီရင်စုအခြေစိုက် ဘရွန်ဟောက်စ်ကောလိပ် ဘောလုံးအကယ်ဒမီကို တက်ရောက်ခွင့် ရခဲ့တာပါ။
ဖီးနစ်အိုးပင်း ဂေါ့ဖ်ပြိုင်ပွဲတွင် စကော့တီရှက်ဖလာ နှစ်နှစ်ဆက်အနိုင်ရပြီး ကမ္ဘာ့အဆင့် ၁ နေရာ ပြန်လည် လွှဲပြောင်းရယူ
PGA Tour ပွဲစဉ်တစ်ခုဖြစ်သည့် ဖီးနစ်အိုးပင်းဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်ကစားသမား စကော့တီရှက်ဖလာ နှစ်နှစ်ဆက် အနိုင်ရပြီး ကမ္ဘာ့အဆင့် ၁ နေရာကိုပါ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ကြောင်း သိရသည်။
ဖီးနစ်အိုးပင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ စကော့ဒေးလ်မြို့ရှိ TPC Scottsdale ဂေါ့ဖ်ကွင်း၌ ကျင်းပခဲ့ပြီး စကော့တီရှက်ဖလာက ဒုတိယနေရာမှ ကစားသမားထက် လျှော့ရိုက်ချက် နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့သည်။
ဒိုင်များ၏ တောင်းပန်မှုထက် ဆုံးရှုံးခဲ့ရသည့် ရမှတ် ၂ မှတ်သာပြန်လိုချင်ဟု အာဆင်နယ်နည်းပြ ပြော
ဒိုင်တွေရဲ့ တောင်းပန်စာထက်စာရင် ဆုံးရှုံးသွားခဲ့ရတဲ့ ရမှတ်နှစ်မှတ်သာပြန်လိုချင်တယ်လို့ အာဆင်နယ် နည်းပြအာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ လူကျွံနေတဲ့ အခြေအနေမှာ ဂိုးပေးလိုက်ရတာကြောင့် တစ်ဂိုးစီသရေကျခဲ့ပြီး ရမှတ်နှစ်မှတ်နစ်နာခဲ့ရတာပါ။
အဲဒီအပေါ် PGMOL လို့ ခေါ်တဲ့ ဒိုင်လူကြီးအဖွဲ့က အာဆင်နယ်အသင်းကို တရားဝင်တောင်းပန်ခဲ့ပေမဲ့ နည်းပြအာတေတာဘက်ကတော့ ကျေနပ်မှုမရှိခဲ့တာဖြစ်ပါတယ်။
နည်းပြ နေသန်ဂျုံးစ်ကို ဆောက်သမ်တန်အသင်း ထုတ်ပယ်
ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ပြီးနောက် ဆောက်သမ်တန်အသင်းဟာ နည်းပြ နေသန်ဂျုံးစ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ် နည်းပြ ဂျုံးစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကမှ ဆောက်သမ်တန်အသင်းကို စတင်တာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၉ ပွဲအထိ ရှုံးနိမ့်ခဲ့သလို စနေညကလည်း အိမ်ကွင်းမှာ ဝူလ်ဗာဟမ်တန်ကို ၂ ဂိုး ၁ ဂိုး နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
တူရကီ-ဆီးရီးယားငလျင်အတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ် ပေါင်(၁)သန်းလှူဒါန်း
ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် တူရကီ-ဆီးရီးယားငလျင်အတွက် ပေါင်(၁)သန်းလှူဒါန်း၍ အကူအညီပေးခဲ့ကြောင်း သိရသည်။ Reuters သတင်းဌာန၏ ဖော်ပြချက်အရ လူပေါင်း(၂၈၀၀၀)ကျော် သေဆုံးခဲ့သော အဆိုပါငလျင်ကြောင့် လူပေါင်း(၁.၃)သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။ ထို့ကြောင့် ဗြိတိန်မှ ရန်ပုံငွေအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသော အရေးပေါ်ဘေးအန္တရာယ်ကယ်ဆယ်ရေးကော်မတီ(DEC)မှတစ်ဆင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ပေါင်(၁)သန်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ငလျင်ဒဏ်ခံစားခဲ့ရသူများကို စာနာ ကြောင်း ပြသသည့်အနေဖြင့် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် လက်ပတ်အနက်များ ဝတ်ဆင် ကစားခဲ့ကြသည်။