မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီး အတွက် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner)အား (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ကြောင်း ယနေ့ မတ်လ (၁၆) ရက်တွင် အသိပေးလာသည်။
အသက် ၄၀ ကျော်မှ ဘဝ စတယ်ဆိုတာကို သက်သေထူလိုက်ပြန်တဲ့ နတ်ဘုရားကြီး
ပိုင်ရှင်ပြောင်းလိုက်မှ ငရဲထဲကျသွားဖို့ ရှိနေတဲ့ မန်ယူ
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က စည်းမျဉ်းတစ်ခု ပြောင်းလဲဖို့ စီစဉ်နေပါတယ်တဲ့။ အဲ့ဒီစည်းမျဉ်းသာ အသက်ဝင်သွားခဲ့ရင် ပထမဆုံး အထိနာနိုင်တာက မန်ယူပါပဲ။ ပိုင်ရှင်တူညီတဲ့ အသင်းနှစ်သင်းထဲက တစ်သင်းကို ချန်ပီယံလိဂ်မှာ ဝင်ကစားခွင့်မပြုဆိုတဲ့ ဥပဒေကို ယူအီးအက်ဖ်အေက ပြဌာန်းဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။ မန်ယူက ဘာလို့ ဒီဥပဒေနဲ့ ငြိစွန်းနိုင်တာလဲဆိုတော့ မန်ယူကို ဝယ်ယူဖို့ ကမ်းလှမ်းနေတဲ့ ပိုင်ရှင်တွေဟာ ပြင်သစ်ကလပ်တွေနဲ့ ဆက်နွှယ်မှုရှိနေလို့ ဖြစ်ပါသတဲ့။ ဒီတော့ အဲ့ဒီပြင်သစ်ကလပ်တွေကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရ၊ မန်ယူကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရတွေ ဖြစ်လာခဲ့ရင် အကုန်လုံးဇာတ်ရှုပ်ကုန်ပါလိမ့်မယ်။ ယူအီးအက်ဖ်အေဥက္ကဌ ဆီဖီရင် ကတော့ အခုစီစဉ်နေတဲ့ ဥပဒေစည်းမျဉ်းသစ်ကို ပြဌာန်းဖြစ်နိုင်ပါတယ်လို့ ပြောထားတာမို့ အခြေအနေက စောင့်ကြည့်ချင်စရာပါပဲ။ မန်ယူကို လက်လွှဲရောင်းချမယ့်ဇာတ်လမ်းကလည်း အခုအချိန်ထိ သပွတ်အူလို ရှုပ်ထွေးပွေလီနေဆဲပဲဖြစ်ပါတယ်။ #Shwesports
ဒဏ်ရာကြောင့် ဂါနာချို ကာလအတန်ကြာ နားရတော့မည်
မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂါနာချိုဟာ ဒဏ်ရာပြဿနာကြောင့် ကာလအတန်ကြာ အနားယူ ရတော့မှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂါနာချိုဟာ ဆောက်သမ်တန်အသင်းနဲ့ ဂိုးမရှိ သရေကျတဲ့ပွဲရဲ့ ပွဲချိန် ၇၃ မိနစ်မှာ လူစားဝင်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမား ဝေါ်လ်ကာပီတာစ်ရဲ့ ဟန့်တားမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် ခြေချင်းဝတ်ဒဏ်ရာရခဲ့သလို ကွင်းလယ်လူ ဖရက်ဒ်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
အင်္ဂလန်ကလပ်အသင်း နှစ်သင်း၊ အီတလီကလပ်သုံးသင်း၊ ဂျာမန်၊ ပေါ်တူဂီ၊ စပိန်ကလပ် တစ်သင်းစီ ချန်ပီယံလိဂ် ကွာတားတက်
ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ရှုံးထွက်ပွဲစဉ် ပြီးဆုံးသွားတဲ့အခါမှာ အင်္ဂလန်ကလပ်အသင်း နှစ်သင်း၊ အီတလီကလပ်သုံးသင်း၊ ဂျာမန်၊ ပေါ်တူဂီ၊ စပိန်ကလပ် တစ်သင်းစီ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပါတယ်။
အင်္ဂလန်ကိုယ်စားပြုအဖြစ် မန်စီးတီးနဲ့ ချဲလ်ဆီး အီတလီကိုယ်စားပြုအဖြစ် အင်တာမီလန်၊ အေစီမီလန်နဲ့ နာပိုလီ၊ ဂျာမန်ကိုယ်စားပြုအဖြစ် ဘိုင်ယန်မြူးနစ်၊ ပေါ်တူဂီကိုယ်စားပြုအဖြစ် ဘင်ဖီကာ၊ စပိန်ကိုယ်စားပြုအဖြစ် ရီးရဲလ်မက်ဒရစ်တို့က ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် (ဒုတိအကျော့) ပွဲကြိုသုံးသပ်ချက်
ရီးယဲလ်မက်ဒရစ် – လီဗာပူးလ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ချန်ပီယံလိဂ်သမိုင်းကို ပြန်ကြည့်ရင် ပထမအကျော့ အိမ်ကွင်းမှာ (၃) ဂိုး ရှုံးပြီးတဲ့နောက် ဒုတိယအကျော့ အဝေးကွင်းမှာ ပြန်လာနိုင်တဲ့အသင်းမရှိပါဘူး။ လီဗာပူးလ်အသင်းအနေနဲ့ ရီးယဲလ်မက်ဒရစ်က အိမ်ကွင်းမှာ တစ်ဂိုးမှ မသွင်းနိုင်ရင်တောင် ကွာတားဖိုင်နယ်တက်ဖို့အတွက် (၄)ဂိုးသွင်းဖို့ လိုနေတာကို လုပ်နိုင်ဖို့ မရှိဘူး။ ဘာစီလိုနာကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးပြီးမှ အိမ်ကွင်းမှာ လူမစုံပဲ (၄)ဂိုးပြတ်သွင်းခဲ့ဖူးတာ၊ အစ္စတန်ဘူလ် ညတုန်းက အခု ရင်ဆိုင်ရမယ့် အန်ဆယ်လော့တီရဲ့အေစီမီလန် ကို မထင်မှတ်တာတွေ လုပ်ပြနိုင်ခဲ့တာ တွေရှိခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်တော့မဖြစ်နိုင်ဘူး။ ဘာနေဗျူးမှာကစားမယ့်ပွဲကလည်း ရီးယဲလ်မက်ဒရစ်အတွက်ပဲ ဖြစ်လိမ့်မယ်။
မန်စီးတီးနှင့် အင်တာမီလန် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်၊ တိုက်စစ်မှူးဟာလန်း ၅ ဂိုးသွင်းပြီး စံချိန်တင်
ဒီနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေမှာ မန်စီးတီးက လိုက်ပ်ဇစ်ကို (၇-၀) ဂိုးနဲ့အနိုင်ရပြီး ပေါ်တိုနဲ့ အင်တာမီလန်တို့ ပွဲစဉ်မှာတော့ ဂိုးမရှိ သရေကျသွားပါတယ်။ မန်စီးတီးနဲ့ လိုက်ပ်ဇစ်တို့ပွဲမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းက တယောက်တည်း ၅ ဂိုး သွင်းယူခဲ့ပြီး ဥရောပချန်ပီယံလိဂ်ပွဲစဉ်တပွဲမှာ သွင်းဂိုး ၅ ဂိုးထိသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ မန်စီးတီးအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ တဖက်တဂိုးစီ သရေကျထားလို့ နှစ်ကျော့ပေါင်းရလဒ် (၈-၁) ဂိုးနဲ့ နောက်တဆင့် ကွာတားဖိုင်နယ်တက်သွားသလို အင်တာမီလန်ကလည်း ပထမအကျော့မှာ (၁-၀)ဂိုးနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်းရလဒ် (၁-၀) ဂိုးနဲ့ ကွာတားဖိုင်နယ်တက်သွားပါတယ်။
ကွင်းလယ်လူ လယ်လာနာကို ဘရိုက်တန် သက်တမ်းတိုး
ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ဟာ အသင်းကွင်းလယ်လူ လယ်လာနာကို ၂၀၂၄ ခုနှစ် နွေရာသီအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် လယ်လာနာဟာ ၂၀၂၀ ပြည့်နှစ်က လီဗာပူး အသင်းကနေ ဘရိုက်တန်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ၃ ရာသီအတွင်း ၇၄ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ လယ်လာနာအနေနဲ့ ဒီရာသီမှာ ဘရိုက်တန်အသင်း အဆင့် ၇ မှာ ရောက်ရှိနေအောင်လည်း ကူညီပေးနေတာဖြစ်ပါတယ်။
တိုင်ဆန်ဖျူရီနှင့် အူဆိုက် ခါးပတ်ပေါင်းစည်းပွဲထိုးရန် အတည်ပြုချက်ရရှိထားကြောင်း WBA ထုတ်ပြန်
ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်(WBA) က ဟဲဗီးဝိတ်တန်း ချန်ပီယံများဖြစ်သည့် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီ နှင့် ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်တို့ ခါးပတ်ပေါင်းစည်းပွဲထိုးသတ်ရန် သဘောတူညီမှုအတွက် အတည်ပြုချက် လက်ခံရရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။
အူဆိုက်၏ပွဲစီစဉ်သူက လာမည့်ပွဲစဉ်မှာ ခါးပတ်ပေါင်းစည်းပွဲမဖြစ်နိုင်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့ သော်လည်း နောက်ဆုံးသတ်မှတ်ထားသည့် သောကြာနေ့ ဂရင်းဝစ်စံတော်ချိန် ည(၁၀)နာရီမတိုင်မီ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း WBA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
London Football Awards ဆုပေးပွဲမှာ အောင်ပွဲခံခဲ့ကြတဲ့ ဂန်းနားဆရာတပည့်များ
လန်ဒန်မြို့ခံကလပ်အသင်းတွေရဲ့ ကစားသမားတွေနဲ့ နည်းပြတွေထဲက ရွေးချယ်ပေးအပ်လေ့ရှိတဲ့ London Football Awards ဆုပေးပွဲမှာတော့ အာဆင်နယ်အသင်းသားတွေကပဲ အောင်ပွဲခံသွားခဲ့ကြပါတယ်။