မကြာခင်ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ နိုင်ငံတကာပွဲတွေအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းရဲ့ ပဏာမကစားသမား ၂၆ ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။
လာမယ့် မေလ ၂၈နေ့ မလေးရှား လက်ရွေးစင် အသင်းနဲ့ ကစားမယ့် ပွဲစဉ်နဲ့ ဇွန်လဆန်း ကျင်းပမယ့် AYA BANK CUP 2016 ပြိုင်ပွဲတွေအတွက် ပဏာမ လက်ရွေးစင် ကစားသမားစာရင်းကို ထုတ်ပြန်လိုက်တာပါ။