ရတနာပုံအသင်း တိုက်စစ်မှူး ရှိုင်းသူရက ထိုင်းပထမတန်းကလပ် ဆာမက်ဆာခွန်အသင်းကို သုံးလအငှား စာချုပ်နဲ့ ပြောင်းရွှေ့ကစားသွားမယ်လို့ ရတနာပုံအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရတနာပုံအသင်း တိုက်စစ်မှူး ရှိုင်းသူရက ထိုင်းပထမတန်းကလပ် ဆာမက်ဆာခွန်အသင်းကို သုံးလအငှား စာချုပ်နဲ့ ပြောင်းရွှေ့ကစားသွားမယ်လို့ ရတနာပုံအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အာဆင်နယ်အသင်းမှထွက်ခွာတော့မည်ဟု သတင်းကြီးနေသည့် နည်းပြအာစင်ဝင်းဂါးက ၎င်းအနေဖြင့် အမ်းမရိတ်ကွင်းကြီးအား စွန့်ခွာဖြစ်ခဲ့လျှင်တောင် တရုတ်သို့သွားမည်မဟုတ်ဘဲ ဥရောပအသင်း တစ်သင်း တွင်သာ နည်းပြသွား မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

နည်းပြအင်းနရစ်နှင့်ပတ်သက်၍ ဘာစီလိုနာအသင်းတွင် ဒုတိယအစီအစဉ်မရှိကြောင်းနှင့် စာချုပ်သက်တမ်း တိုးရန် လာမည့်ဧပြီလ၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက ပြောဆိုလိုက်သည်။

၂၀၁၇ အေအက်ဖ်စီဖလား အုပ်စုပွဲစဉ်များအနက် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ ယှဉ်ပြိုင်သည့် အုပ်စု တွင်း ပွဲစဉ်များအားလုံးကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသပေး သွားမည်ဖြစ်ပါသည်။

အေအက်ဖ်စီဖလားပြိုင်ပွဲအုပ်စု (ဇ)တွင် ပါဝင်သည့် မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်းသည် အုပ်စုတွင်း အသင်း သုံးသင်းအနက် အားအနည်းဆုံး ဖြစ်သည်ဟု နည်းပြချုပ် ရီနီက ပြောကြားသည်။

အက်ဖ်အေဖလားပဉ္စမ အဆင့်ပွဲစဉ်တွင် အာဆင်နယ်ကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သောပွဲအပြီးတွင် ဆတ်တန်ပရိသတ်များသည် ဘောလုံးကွင်းထဲ သို့ ၀င်ရောက်ခဲ့ကြသည်။ ပဉ္စမတန်းကလပ် ဆတ်တန် သည် ၎င်းတို့အသင်းသမိုင်းတစ်လျှောက် ဂုဏ်ယူဖွယ်ရာ အကောင်းဆုံးဧည့်ခံမှုအဖြစ် အိမ်ကွင်း ဂျန်ဒါဂရင်းလိန်း တွင် အသင်းကြီး အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သော်လည်း ပရိသတ်များက ပျော်ရွှင်မြူးထူးစွာ ဘောလုံးကွင်း ထဲသို့ ၀င်ရောက်ခဲ့ကြပြီး ဂိုးဘားတန်းကို တွဲခိုခဲ့ကြသည်။

ဘရာဇီးကလပ်ဆန်းတို့စ်မှ နေမာပြောင်းရွှေ့ရာတွင် ငွေကြေးမသာမှု ပြုလုပ်ခဲ့သည်ဟု စွဲချက်အပေါ် နောက်ဆုံး အယူခံရှုံးနိမ့် သွားပြီးနောက် ဘာစီလိုနာ ကစားသမားနေမာနှင့် ၎င်း၏ ကလပ် သည် တရားရုံးတွင် ဖြေရှင်းရ တော့မည် ဖြစ်သည်။

ဥရောပရွှေဖိနပ်ဆုအတွက် ရပ်တည်မှုတွင် ၁၉ ဂိုးစီသွင်းထားသော ဟီဂူအင် (ဂျူဗင်တပ်)၊ ဒီဇီကို(ရိုးမား)နှင့် မက်ဆီတို့က ၃၈ မှတ်စီဖြင့် ထိပ်ဆုံး၌ ရပ်တည်နေ သည်။

ဆော်ဒီအာရေဗျမှာ ဒိုင်အကြီးအကဲလုပ်ရန်အတွက် ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘတ်ဟာ ပရီးမီးယားလိဂ်မှာ ရာသီကုန်အထိ ရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။
