
မန်ယူနည်းပြ မော်ရင်ညိုက ဆန်းချက်ဇ်ရဲ့တိုက်စစ်အရည်အသွေးကို မေးခွန်းထုတ်စရာ မလိုအပ်သလို၊ တိုက်စစ်အတွက် နေရာစုံမှာ ကစားနိုင်စွမ်း ရှိနေတာကြောင့် လူကာကူ၊ မာရှယ်၊ မာတာ၊ ရက်ရှ်ဖို့ဒ်၊ လင်ဂတ်တို့အတွက် နေရာလုတိုက်ပွဲတွေ ပိုမိုပြင်းထာလာစေမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
မန်ယူဟာ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်သလို ထိပ်တန်းကစားသမားတွေနဲ့ စုဖွဲ့ထားတာကြောင့် အောင်မြင်မှု ရရှိရေးအတွက် အမြင့်ဆုံးမျှော်လင့်ချက်တွေ ရှိနေကြောင်း၊ ဒါကြောင့် ကစားသမားတွေအနေနဲ့ ပွဲစဉ်တိုင်းမှာ အကောင်းဆုံးခြေစွမ်းကို ထုတ်ပြပြီး အသင်းအောင်မြင်မှု ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သတိပေးသွားခဲ့ပါတယ်။









