
တော်ဝင်မင်းသား ဟယ်ရီရဲ့ မင်္ဂလာပွဲမှာ ဒေးဗစ်ဘက်ဟမ်းနဲ့ ဗစ်တိုးရီးယားဘက်ဟမ်းတို့ ဇနီးမောင်နှံရဲ့ ၀တ်စားဆင်ယင်မှုက ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။
အထူးသဖြင့် ဒေးဗစ်ဘက်ဟမ်းရဲ့ဝတ်စုံက ပိုမိုလူကြိုက်များခဲ့ပြီး ဒီဇိုင်နာကင်မ်ဂျုံးစ်ရဲ့ Dior Homme ၀တ်စုံကို ပထမဆုံး ၀တ်ဆင်ခွင့်ရသူလည်း ဖြစ်ခဲ့တာပါ။ အခုတော့ ဘက်ဟမ်းဇနီးမောင်နှံရဲ့ တော်ဝင်မင်္ဂလာ အခမ်းအနား ပွဲတက် ၀တ်စုံကို ပရိသတ်တွေပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရှိလာခဲ့ပါပြီ။ ဘက်ဟမ်းတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာ ဗုံးပေါက်ကွဲမှုနောက်ပိုင်းမှာ ဖွဲ့စည်းလိုက်တဲ့ We Love Manchester Emergency Fund ဆိုတဲ့ လူမှုကူညီရေးအဖွဲ့အစည်းအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး သူတို့ နှစ်ဦးရဲ့ ၀တ်စုံတွေကို လေလံတင် ရောင်းချတော့မှာဖြစ်ပါတယ်။









