သုဝဏ္ဏကွင်း၌ ကျင်းပသည့် အာရှဖလားခြေစစ်ပွဲပထမအကျော့တွင် မြန်မာနှင့် ကာဂျစ္စတန်အသင်း ယှဉ်ပြိုင်နေစဉ်
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အာရှဖလားခြေ စစ်ပွဲအောင်မြင်ရန် ရာနှုန်းပြည့် ယုံကြည်မှုရှိကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့် အာရှဖလားခြေစစ်ပွဲပထမအကျော့တွင် မြန်မာနှင့် ကာဂျစ္စတန်အသင်း ယှဉ်ပြိုင်နေစဉ်
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အာရှဖလားခြေ စစ်ပွဲအောင်မြင်ရန် ရာနှုန်းပြည့် ယုံကြည်မှုရှိကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။
Fri, March 16, 2018
ကင်မရွန်းနွယ်ဖွား ဟောင်ကောင်တွင် နေထိုင်သည့် MMA ကစားသမား အလိန်း ဂါလာနီသည် အောင်လအန်ဆန် ၏ ချန်ပီယံ ဆုဖြစ်သော လိုက်ဟဲဗီးဝိတ်တန်းကို စိန်ခေါ် ခွင့်ရရန် ကြိုးပမ်းနေကြောင်း သိရသည်။
* အာဆင်နယ်အသင်းဟာ ရီးရဲကွင်းလယ်ကစားသမားလူကာမိုဒရစ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ Don Balon
* ပြင်သစ်ကလာတဲ့ သတင်တွေအရ ချဲလ်ဆီး နည်းပြ ကွန်တီအနေနဲ့ ရာသီအကုန်မှာ ပီအက်ဂျီအသင်းကို နည်းပြဖို့ ပိုမို နီးစပ်နေပြီလို့ သိရပါတယ်။ Sports Illustrated
ဆောက်သမ်တန်အသင်းဟာ စတုတ်နည်းပြဟောင်း မာ့ခ်ဟုခ်ျကို နည်းပြသစ်အဖြစ်ရာသီကုန်အထိ စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။
အသက်(၅၄)နှစ်အရွယ်နည်းပြဟာ တနင်္လာနေ့က ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ပယ်လီဂရီနို နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်(၁၇)ပွဲမှာ (၁)ပွဲသာ အနိုင်ရရှိခဲ့ပြီး ပရီမီးယားလိဂ် အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်ရဲ့ အထက်(၁)မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ မနေ့ညက ချဲလ်ဆီးကို ၃-၀ နဲ့နိုင်တဲ့ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
သူသွင်းယူခဲ့တဲ့ ဒုတိယဂိုးဟာသူ့အတွက် ချန်ပီယံလိဂ်မှာ မှတ်တိုင်သစ်ဖြစ်ခဲ့တာပါ။ အရင်ကဂိုး ၁၀၀ ပြည့်ခဲ့သူက စီရော်နယ်ဒိုဖြစ်ပြီး သူက ၁၁၇ ဂိုးနဲ့ပြိုင်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှ ဘိလိယက်နဲ့ စနူကာပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၆ နိုင်ငံက ကစားသမားတွေ လာရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
အခုပြိုင်ပွဲမှာ ၁၇ ကြိမ်မြောက် အာရှ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲ အပါအဝင် အသက် ၂၁ နှစ်အောက် စနူကာပြိုင်ပွဲနဲ့ ဒုတိယအကြိမ်မြောက် အမျိုးသမီး စနူကာပြိုင်ပွဲလည်း ပါဝင်မှာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဆီဗီလာကို ၂-၁ နဲ့ ရှုံးခဲ့ပြီးတဲ့နောက် နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မန်ယူဟာ အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့လို့ ဒီပွဲမှာ တိုက်စစ်ဆင်မယ်လို့ ခန့်မှန်းထားပေမယ့် မော်ရင်ဟိုဟာပွဲကို သတိထားချဉ်းကပ်တဲ့ နည်းစနစ်ကိုဘဲ ကျင့်သုံးခဲ့ပြီးဆီဗီလာက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့အတူ နိုင်ပွဲ ရယူ သွားခဲ့တာပါ။ ဒီအရှုံးကြောင့် မန်ယူဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၃ကြိမ်မှာ ၂ ကြိမ် ထွက်ခဲ့ရတဲ့အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။
၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန်လက်ရွေးစင်အသင်းတို့ တောင်ကိုးရီယားနိုင်ငံ အင်ချွန်းမြို့၌ ယှဉ်ပြိုင်ကစားသွားမည့်ပွဲစဉ်ကို မြန်မာရုပ်သံလိုင်းများမှ တိုက်ရိုက် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲစဉ်ကို မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂နာရီခွဲ အချိန်၌ အင်ချွန်စီးတီးကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး MRTV နှင့် For Sport ရုပ်သံများမှ တိုက်ရိုက် ပြသပေးသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် ကာဂျစ္စတန်နှင့်ပွဲစဉ်ကစားပြီးပါက မက်လ၂၇ရက်တွင် ရန်ကုန်မြို့၌ မကာအိုအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ် ဆက်လက် ယှဉ်ပြိုင်ကစားမည်သွားရမည်ဖြစ်သည်။
Photo; MFF
မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဇီဆီ သည် ကာဂျစ္စတန်နှင့်ကစားမည့် အာရှဖလားခြေစစ်ပွဲအတွက် အပြီးသတ်လူစာရင်းကို ထုတ်ပြန်ခဲ့ရာ လူငယ်သွေးသစ်အချို့ ပါဝင်လာခဲသည်။
ကစားသမား ၂၃ ဦးစာရင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း၌ ခြေစွမ်းပြဂိုးများသွင်းယူနေသည့် လူငယ် တိုက်စစ်မှူး အီစိုး အပါအဝင် ကျော်ဇင်ဦး (ရန်ကုန်)၊ လွင်မိုးအောင် (အားကာ) စသည့်လူငယ်များလည်း ပါဝင်လာကြသည်။
ဆီဗီလာနှင့် ယနေ့ည ကစားမည့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာပါဝင်ကစားနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ မသေချာသေးကြောင်း မန်ယူနည်းပြ မော်ရင်ဟို ကပြောသည်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာသည် မတ်လ ၁၀ ရက်က လီဗာပူးကို ၂-၁ ဂိုးဖြင့် အနိုင်ရသော ပွဲကိုလည်း လွဲချော်ခဲ့သည်။